သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယပွဲ ရီးယဲလ် ၂ ဂိုး ၁ ဂိုးနဲ့နိုင်


ရီးယဲလ်အသင်းသားများ ဂိုးသွင်းပြီး အောင်ပွဲခံနေပုံ။ ၂၅ ဧပြီ ၂၀၁၈။
ရီးယဲလ်အသင်းသားများ ဂိုးသွင်းပြီး အောင်ပွဲခံနေပုံ။ ၂၅ ဧပြီ ၂၀၁၈။

ကြာသပတေးနေ့ မနက်အစောပိုင်းက ကစားတဲ့ Champions League ဆီမီးဖိုင်နယ် ပထမအကျော့ ဒုတိယပွဲ ရီးယဲလ် မက်ဒရစ် နဲ့ ဘိုင်ယန် မြူးနစ်တို့ပွဲမှာ ရီးယဲလ်က အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ နောက်တန်းကစားသမား Joshua Kimmich က ပထမပိုင်း ၂၇ မိနစ်မှာ အဖွင့်ဂိုးသွင်းပြီး ဦးဆောင်နေခဲ့ပေမဲ့ ၄၃ မိနစ်မှာ ရီးယဲလ်အသင်း နောက်တန်းကစားသမား Marcelo Vieira က ချေပဂိုး ပြန်သွင်းတာကြောင့် ပထမပိုင်းအပြီးမှာ တဘက် ၁ ဂိုးစီ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းစအပြီး ၁၁ မိနစ်မှာတော့ ရီးယဲလ်အသင်းရဲ့ အလယ်တန်းကစားသမား Marco Asensio က ဒုတိယဂိုးသွင်းယူခဲ့ပြီး ပွဲ ပြီးသည်အထိ တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်တာကြောင့် ရီးယဲလ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပဲဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းက ကစားတဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ ပထမပွဲ လီဗာပူးလ်နဲ့ ရိုးမားတို့ပွဲမှာ အိမ်ရှင် လီဗာပူးလ်က ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

လီဗာပူးလ်အတွက်ဂိုးတွေကို ၃၄ မိနစ်နဲ့ ၄၄ မိနစ်မှာ Salah ၊ ၅၅ မိနစ်မှာ Mane ၊ မိနစ် ၆၀ နဲ့ ၆၇ မိနစ်တို့မှာ Firmino တို့က သွင်းယူခဲ့ပြီး ရိုးမားအတွက် ပထမချေပဂိုးကို မိနစ် ၈၀ မှာ Dzeko ကသွင်းယူပြီး ၈၄ မိနစ်မှာ Perotti က ပန်နယ်လ်တီကနေ တဆင့် ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

လာမယ့် မေလ ၁ ရက်နေ့မှာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပထမပွဲအဖြစ် ရီးယဲလ်နဲ့ ဘိုင်ယန်တို့ ရီးယဲလ်ကွင်းမှာ ကစားဖို့ရှိပြီး မေလ ၂ ရက်နေ့မှာ ရိုးမားနဲ့ လီဗာပူးလ်တို့ ရိုးမားကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG