သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်ငွေခွန်ဥပဒေပြင်ဆင်ရေး ကန်အောက်လွှတ်တော် အတည်ပြု


အမေရိကန်ကွန်ကရက်လွှတ်တော်။
အမေရိကန်ကွန်ကရက်လွှတ်တော်။

အမေရိကန်ပြည်ထောင်စုရဲ့ အခွန်ကောက်ခံရေးဥပဒေကို သိသာထင်ရှားစွာပြုပြင်ထားတဲ့ ဥပဒေကြမ်းတရပ်ကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်လွှတ်တော်က ကြာသပတေးနေ့မှာ လုံလောက်တဲ့ ထောက်ခံမဲတွေနဲ့ အတည်ပြုလိုက်ကြပါတယ်။ ဒါကြောင့် တနှစ်တာကာလအတွင်း ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေမှာ မအောင်မမြင်ဖြစ်နေခဲ့တဲ့ သမ္မတ Donald Trump နဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေအတွက် သိပ်ကိုလိုအပ်နေတဲ့ အောင်မြင်မှုတွေဖြစ်လာစေတာပါ။

အကြောင်းအရာတခုခုကို အတည်ပြုဖို့ လိုအပ်တဲ့ ထောက်ခံမဲ ၂၁၈ မဲရလိုက်တာဟာ အောင်မြင်မှုတရပ်ဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဌ Paul Ryan က ပြောပါတယ်။ Obamacare လို့ခေါ်တဲ့ အဖိုးနှုန်း သက်သာတဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုဥပဒေကို အစားထိုးမယ်ဆိုပြီး ရီပါတ်ဘလစ်ကန်တို့ မဲဆွယ်စည်းရုံးစဉ်က ပေးထားတဲ့ ကတိတွေ မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် လွတ်တော်ဥက္ကဌ Paul Ryan ရဲ့ ရေရှည်ရည်မှန်းချက် တခုဖြစ်တဲ့ အခွန်ကောက်ခံရေးဆိုင်ရာ ဥပဒေပြင်ဆင်ရေးဟာလည်း နှစ်ဦးပိုင်းကတည်းက မရေအရာဖြစ်နေခဲ့တာပါ။

သမ္မတ Trump အနေနဲ့ အလယ်အလတ် ဝင်ငွေရှိသူတွေအပေါ်အခွန်ကောက်ခံမှု လျော့ချရေးနဲ့ လူတိုင်းအတွက် မျှမျှတတ ဖြစ်ဖို့ ဘယ်လောက်လိုလားနေတယ်ဆိုတာ အမြဲပြောဆိုနေသလို ဒီဥပဒေကြမ်းအတည်ဖြစ်ရေး အဆင့်တိုင်းမှာလည်း သမ္မတ Trump တိုက်ရိုက်ပါဝင်ဆောင်ရွက်နေတယ်လို့ ရီပတ်ဘလစ်ကန် အောက် လွှတ်တော်ဆော်သြရေးမှုး Steve Scalise က သမ္မတရဲ့ ကျိုးပမ်းချက်နဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာပြောပါတယ်။

ဒါပေမယ့်လည်း ဒီအခွန်ဥပဒေကြမ်းအတည်ဖြစ်ရေး အထက်လွတ်တော်က မဲဆန္ဒပေးကြရဦးမှာဖြစ်သလို ပိုခက်ခဲမယ့် အခြေအနေနဲ့လည်းရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG