သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးအဆောက်အအုံတွေ အလေးအမြတ်ထားဖို့ ကက်သလစ်ဘုန်းတော်ကြီးများအဖွဲ့ချုပ် တောင်းဆို


 ဇွန်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်က မီးလောင်ကျွမ်းခဲ့တဲ့ ထန်တလန်မြို့က သက်တမ်းအရင့်ဆုံး နှစ်ခြင်းဘုရားကျောင်း မီးမခခင်မြင်ရစဉ်။ (Crd: Salai Isaac Khen & Zelan)
ဇွန်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်က မီးလောင်ကျွမ်းခဲ့တဲ့ ထန်တလန်မြို့က သက်တမ်းအရင့်ဆုံး နှစ်ခြင်းဘုရားကျောင်း မီးမခခင်မြင်ရစဉ်။ (Crd: Salai Isaac Khen & Zelan)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ လူ့အသက်တွေကို တန်ဖိုးထားကြဖို့နဲ့ ဘာသာရေး အဆောက်အအုံ တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေကို အလေးအမြတ်ထားပြီး ထိပါးစော်ကားတာတွေ မလုပ်ကြဖို့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ တောင်းဆိုသွားပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ ဘဝတခုဖြစ်တည်နိုင်ခွင့်က ဘာနဲ့မှ အထိခိုက်မခံနိုင်ပါဘူးလို့ ဇွန်လ ၁၁ ရက် ရက်စွဲနဲ့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ကက်သလစ်ဘုန်းတော်ကြီးများအဖွဲ့ချုပ် ညီလာခံ CBCM ကြေညာချက်မှာ ပြောထားပါတယ်။ ညီလာခံကို ဇွန်လ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် CBCM ဥက္ကဋ္ဌ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ချားလ်စ်ဘို၊ CBCM အထွေထွေအတွင်းရေးမှူး ဂျွန်စောယောဟန်နဲ့ တခြားဂိုဏ်းအုပ်ဆရာတော်ကြီး ၁၇ ပါးတို့က ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံ နေရတာ ဖြစ်ပါတယ်။ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်က ကလက်လစ်ဘုရားကျောင်းတွေအပါအဝင် ခရစ်ယာန်ဘုရားကျောင်းဒါဇင်နဲ့ ချီပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတို့ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ခရစ်ယာန်ဘာသာဝင်တွေ ထောင်နဲ့ချီအပါအဝင် လက်နက်မဲ့ အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာပြေးကြရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကပဲ စစ်ကိုင်းတိုင်းထဲက ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ ချမ်းသာနဲ့ ချောင်းရိုးကျေးရွာတွေကို စစ်တပ်ကမီးရှို့ခဲ့လို့ အိမ်ခြေ ၄၅၀ ထက်မက မီးထဲပါသွားခဲ့ရတာပါ။

CBCM ဘုန်းတော်ကြီးတွေရဲ့ ကြေညာချက်ထဲမှာတော့ ခရစ်ယာန်ရွာတွေက အိမ်တွေ မီးရှို့ခံရတဲ့ကိစ္စကို သပ်သပ်ရည်ညွှန်း ပြောမထားဘဲ မြန်မာနိုင်ငံက ပိုပြီးဆိုးရွားလာနေတဲ့ အခြေအနေတွေ၊ လူမျိူး ဘာသာမကွဲပြားဘဲ လူတိုင်းထိခိုက် ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အထုူးစိုးရိမ်မိကြောင်း ပြောထားပါတယ်။ နိုင်ငံတလွှား အထူးလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ ခွင့်ပြုလုပ်ဆောင်ပေးကြဖို့လည်း သူတို့က တိုက်တွန်းပါတယ်။ နိုင်ငံတလွှား ခရစ်ယာန်ကျောင်းတော်တွေအနေနဲ့လည်း ငြိမ်းချမ်းရေးဆောင်ကြဉ်းနိုင်အောင် ဆုတောင်းမေတ္တာပို့တာတွေ ဆက်လက်လုပ်ဆောင် စိတ်ပုတီးစိတ်၊ လဆန်းတိုင်း ဘုရားရှိခိုးပွဲတွေ ပြုလုပ်ကြဖို့ ဂိုဏ်းချုပ်ဆရာတော်ကြီးတွေက တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






=============

XS
SM
MD
LG