သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Charlie Hebdo မဂ္ဂဇင်းတိုက်ခိုက်မှု ယီမင် al-Qaida အဖွဲ့ ခွဲလုပ်ဆောင်


ပြီးခဲ့တဲ့အပတ်က လူသေကြေခဲ့တဲ့ ပြင်သစ်မဂ္ဂဇင်းတိုက်ခိုက်မှုကို သူတို့လုပ်ပါတယ်လို့ ယီမင်မှာရှိတဲ့ al-Qaida အဖွဲ့က ပြောခဲ့တဲ့ ဗွီဒီယိုဟာ အစစ်အမှန်ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ထုတ်ပြောလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က အင်တာနက်ပေါ်တင်ခဲ့တဲ့ ဒီဗွီဒီယိုခွေထဲမှာ Nasr al-Ansi လို့ခေါ်တဲ့ အာရေဗျကျွန်းဆွယ်ဒေသက AQAP ခေါ် ဒီ al-Qaida ခေါင်းဆောင်က လူ ၁၂ ဦး သေစေခဲ့တဲ့ Charlie Hebdo သရော်စာမဂ္ဂဇင်း တိုက်ခိုက်မှုအတွက် သူတို့စီစဉ် ငွေပေးခဲ့တာလို့ ထုတ်ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf က ဒီအကြမ်းဖက်အဖွဲ့အနေနဲ့ ပြင်သစ်က သေနတ်သမား ၂ ဦးနဲ့ ဘယ်လိုအဆက်အသွယ်ရှိတာကိုတော့ ဆက်လက်ရှာဖွေ စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ပြောခွင့်ရ Harf ကပဲ ဒီဗွီဒီယိုဟာ AQAP al-Qaida အဖွဲ့ရဲ့ သတင်းမီဒီယာဌာနက ထွက်လာတာဖြစ်တယ်။ ဒီအဖွဲ့အနေနဲ့ နိုင်ငံရပ်ခြားမှာ အခုလို ရက်ရက်စက်စက်လုပ်ဖို့ ပြင်ဆင်လာခဲ့တာကို ပြသလိုက်တာဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

အခုလိုအချိန်မှာ ဒီတိုက်ခိုက်မှုခံခဲ့ရတဲ့ ပြင်သစ်နိုင်ငံအနေနဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်းကနေ ပိုမိုတိုက်ခိုက်သွားဖို့ လေယာဉ်တင်သင်္ဘောကြီးတွေကို အရှေ့အလယ်ပိုင်းကို ပို့ဖို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG