သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကာရိုလိုင်းနား Charlotte မြို့ အရေးပေါ်အခြေအနေ ကြေညာ


မြောက်ကယ်ရိုလိုင်းနား Charlotte မြို့ အရေးပေါ်အခြေအနေကြေညာ
မြောက်ကယ်ရိုလိုင်းနား Charlotte မြို့ အရေးပေါ်အခြေအနေကြေညာ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Charlotte မြို့မှာ ဒုတိယမြောက်ည ဆက်ပြီး ဆန္ဒပြကြတာနဲ့အမျှ ဗုဒ္ဓဟူးနေ့ညက လူတယောက် သေနတ်နဲ့ပစ်ခံရပါတယ်။ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတဦးကို ရဲတပ်ဖွဲ့ဝင်တဦးက ပစ်သတ်ခဲ့တဲ့အပေါ် မကျေနပ်ကြသူတွေက ဆန္ဒပြနေကြတာပါ။

မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးက Charlotte မြို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ပြီး ပြည်တွင်း ကာကွယ်ရေး အရံတပ်ဖွဲ့တွေကိုလည်း မြို့မှာချထားလိုက်ပါတယ်။

ဆန္ဒပြပွဲတွေဟာ ညဦးပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရုန်းရင်းဆန်ခတ် အခြေအနေတွေကို ပြောင်းသွား ပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့တာတွေ ဖြစ်ခဲ့ပါတယ်။ ရဲတွေက မျက်ရည်ယိုဗုံးတွေပစ်ပြီး လူစုခွဲဖို့ကြိုးစားပါတယ်။ ဆိုင်ပြူတင်းပေါက်တွေကို လူတချို့က ရိုက်ခွဲသလို လမ်းပေါ်မှာ မီးရှို့တာလေးတွေလည်း ရှိပါတယ်။

ဒီကနေ့မနက်အစောပိုင်းမှာတော့ အခြေအနေက အများအားဖြင့် ငြိမ်သက်နေပါတယ်။

လူတယောက်ကို ရဲတပ်ဖွဲ့ဝင်မဟုတ်တဲ့ တခြားအရပ်သားတယောက်က ဗုဒ္ဓဟူးနေ့မှာ သေနတ်နဲ့ပစ်တာကြောင့် သေဆုံးသွား တယ်လို့ မြို့အုပ်ချုပ်ရေးအဖွဲ့က အစောပိုင်းမှာပြောပေမဲ့ နောက်ပိုင်းကျတော့ အဲဒီလူဟာ အပြင်းအထန် ဒဏ်ရာရသွားတာလို့ ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်လေးယောက်လည်း ဒဏ်ရာရပေမဲ့ ဘယ်သူမှတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ မရှိဘူး လို့ Charlotte မြို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဆန္ဒပြပွဲတွေစဖြစ်တဲ့ အင်္ဂါနေ့ညတုန်းက ရဲတပ်ဖွဲ့ဝင် ၁၆ ဦးအပါအဝင် လူ ၂၄ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG