သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချက်ရှ်နီးယား ဒေသန္တရလွှတ်တော် တိုက်ခိုက်ခံရ


ချက်ရှ်နီးယား ဒေသန္တရလွှတ်တော် တိုက်ခိုက်ခံရ
ချက်ရှ်နီးယား ဒေသန္တရလွှတ်တော် တိုက်ခိုက်ခံရ

ရုရှားနိုင်ငံတောင်ပိုင်း ချက်ရှ်နီးယားဒေသမှာ ဒီနေ့ ဒေသဆိုင်ရာ လွှတ်တော်ထဲ သေနတ်သမားတွေ ဝင်ရောက် စီးနင်းခဲ့တဲ့အတွက် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ရုရှားရဲတွေက ပြောပါတယ်။

ချက်ရှ်နီးယားမြို့တော် ဂရော့ဇ်နီ (Grozny) မှာ ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၂ ဦးနဲ့ အစိုးရ ဝန်ထမ်းတဦး သေဆုံးခဲ့ရပါတယ်။

စီးနင်းတိုက်ခိုက်သူတွေထဲက ၂ ဦးဟာ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ခဲ့ကြပြီး နောက် ၂ ဦးကတော့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသ အာဏာပိုင်တွေနဲ့ ရုရှားအစိုးရက ပြောပါတယ်။

မိနစ် ၂၀ ကြာ စစ်ဆင်ရေး လုပ်ခဲ့ပြီးနောက် အဆောက်အဦးထဲမှာ ကျန်နေတဲ့လူတွေ လွတ်မြောက်လာခဲ့တယ်လို့ ချက်ရှ်နီးယား သမ္မတ ရမ်ဇန် ကက်ဒိရော့ဗ် (Ramzan Kadyrov) က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဒီဒေသမှာ တည်ငြိမ်မှုရပြီလို့ ကြေညာခဲ့တဲ့ ရုရှားအစိုးရအတွက် အင်္ဂါနေ့ တိုက်ခိုက်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်ကြောင်း ရုရှားနိုင်ငံ RIA နိုဘက်စတီ သတင်းဌာနက ရေးပါတယ်။

ချက်ရှ်နီးယားဒေသက မွတ်ဆလင် ခွဲထွက်ရေး သမားတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက် ကတည်းက ရုရှားအစိုးရဟာ စစ်ပွဲ ၂ ပွဲ ဆင်နွှဲခဲ့ရပါတယ်။

XS
SM
MD
LG