သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီနိုင်ငံ Valparasio မြို့ မီးအကြီးအကျယ်လောင်ကျွမ်း


ချီလီနိုင်ငံ၊ Valparaiso ဆိပ်ကမ်းမြို့ မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း။ (ဧပြီ ၁၃၊ ၂၀၁၄)
ချီလီနိုင်ငံ၊ Valparaiso ဆိပ်ကမ်းမြို့ မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း။ (ဧပြီ ၁၃၊ ၂၀၁၄)
ချီလီနိုင်ငံ Santiago မြို့တော်ရဲ့ အနောက်မြောက်ဖက် ၇၅ မိုင်လောက်မှာတည်ရှိတဲ့ Valparaiso ဗလ် ပါရာအီဆို ဆိပ်ကမ်းမြို့မှာ မီးအကြီးအကျယ် လောင်ကျွမ်းနေလို့ ၂ ယောက်သေဆုံးပြီး အိမ်ခြေ ၅၀၀ လောက် ပျက်စီးသွားပါတယ်။

Pacific သမုဒ္ဒရာဖက်က လေပြင်း တိုက်ခတ်နေတာကြောင့် မီးကိုနိုင်အောင်ငြိမ်းသတ်နိုင်ဖို့ မီးသတ်တွေက ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။ မြို့ရဲ့ အနေအထားကြောင့်လည်း မီးသတ်တွေ အခက်တွေ့နေပါတယ်။

Valparaiso မြို့က လူအများအပြားနေကြတဲ့နေရာတွေဟာ မတ်စောက်တဲ့တောင်စောင်းတွေနဲ့ ပတ်လည်ဝိုင်းနေပါတယ်။ သမ္မတ Michele
Bachelet က Valparaiso မှာ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး မီးလောင်နေစဉ် ဝင်ရောက် လုယက်တာတွေ မဖြစ်အောင် လမ်းတွေမှာ စစ်တပ်တွေကို ချထားပါတယ်။

လူပေါင်း ၅ ထောင်လောက် မီးဘေးကင်းရာကို ထွက်ပြေးခဲ့ကြရပါတယ်။ အာဏာပိုင်တွေကလည်း မီးဘေးဒုက္ခသည်စခန်းတွေ လုပ်ပေးနေပါတယ်။

Valparaiso မြို့သမိုင်းမှာ အဆိုးဆုံး မီးလောင်ကျွမ်းမှုဖြစ်တယ်လို့ မြို့တော်ဝန် ဟော်ဟေး (Jorge Castro) ကပြောပါတယ်။ စနေနေ့ကတည်းက ခုချိန်ထိ
လောင်ကျွမ်းနေတဲ့မီးကြောင့် ဓါတ်အားလိုင်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။

၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစု အစောပိုင်းကတည်းက ဆောက်ထားတဲ့ ဆေးရောင်စုံနဲ့အိမ်တွေ၊ ကျောက်တွေနဲ့ ခင်းထားတဲ့လမ်းတွေ၊
ဒေါင်လိုက် နီးပါး ဖြစ်နေတဲ့လမ်းတွေပေါ်မှာ ပြေးဆွဲနေတဲ့ ဓါတ်ရထားတွေကြောင့် Valparaiso မြို့ကို အမွေအနှစ် ထိမ်းသိမ်းရမဲ့နေရာတခုအဖြစ် UNESCO က သတ်မှတ်ထားပါတယ်။
XS
SM
MD
LG