သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FA ဖလား ဗိုလ်လုပွဲ မန်ချက်နဲ့ ချယ်လ်ဆီး တွေ့ပြီ


ချယ်လ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူနေသည့် Giroud ။ ၂၂ ဧပြီ ၂၀၁၈။
ချယ်လ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူနေသည့် Giroud ။ ၂၂ ဧပြီ ၂၀၁၈။

တနင်္ဂနွေနေ့ညဘက်က ကစားတဲ့ အင်္ဂလန် FA ဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲ ချယ်လ်ဆီး နဲ့ ဆောက်သမ်ပ်တန်ပွဲမှာ ချယ်လ်ဆီး က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွား ပါပြီ။

ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို Giroud က ၄၆ မိနစ်မှာ သွင်းယူပြီး ဒုတိယဂိုးကို ၈၂ မိနစ်မှာ Morata က သွင်းယူခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့မှာတော့ FA ဖလား ဗိုလ်လုပွဲအဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ကစားကြရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့နှစ် တုန်းကလည်း FA ဖလား ဗိုလ်လုပွဲကို တက်ခဲ့ပေမဲ့ အာဆင်နယ်လ်ကိုရှုံးပြီး ဖလားနဲ့ လွဲခဲ့ ရတာပါ။ ပရီးမီးယားလိဂ်မှာလည်း ချယ်လ်ဆီးအသင်းဟာ စပါးအသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၅ နေရာက လိုက်နေတာကြောင့် နောက်နှစ် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲ ဝင်ခွင့်ရဖို့ အတွက် ထိပ်တန်းလေးသင်းထဲပါအောင် ရုန်းကန်နေရပါတယ်။

FA ဖလား သက်တမ်းတလျှောက်မှာတော့ မန်ချက်အသင်းဟာ အာဆင်နယ်အသင်းပြီးရင် ဒုတိယ အောင်မြင်မှုအရှိဆုံး အသင်း ပါ။ အာဆင်နယ်လ်က အက်ဖ်အေဖလားကို ၁၃ ကြိမ် ဗိုလ်စွဲထားပြီး မန်ချက်က ၁၂ ကြိမ် ဗိုလ်စွဲထားတာကြောင့် ဒီတကြိမ် ဖလား ထပ်ရ မယ်ဆိုရင် မန်ချက်ဟာ အာဆင်နယ်နဲ့ စံချိန်တူ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ချယ်လ်ဆီးကတော့ FA ဖလားကို ၇ ကြိမ် ရထားဖူးပြီး နောက်ဆုံးဗိုလ်စွဲခဲ့တာကတော့ ၂၀၁၁-၁၂ ဘောလုံးရာသီကဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲတွေမှာတော့ အာဆင်နယ်လ်က ဝက်စ်ဟမ်းကို အိမ်ကွင်း မှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဒီနှစ် ချန်ပီယံ ဖလား ရထားပြီးဖြစ်တဲ့ မန်စီးတီးက ဆွမ်ဆီး စီးတီးကို အိမ်ကွင်းမှာ ၅ ဂိုးပြတ် အနိုင်ရပါတယ်။

စတုတ်စီးတီးနဲ့ ဘန်လေတို့ပွဲကတော့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG