သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုဗေဒ နိုဘဲလ်ဆု အစ္စရေးလ်သိပ္ပံပညာရှင် ရရှိ

ဓာတုဗေဒ နိုဘဲလ်ဆု ချီးမြှင့်ခံရတဲ့ အစ္စရေးလ် သိပ္ပံပညာရှင် Daniel Shechtman
ဓာတုဗေဒ နိုဘဲလ်ဆု ချီးမြှင့်ခံရတဲ့ အစ္စရေးလ် သိပ္ပံပညာရှင် Daniel Shechtman

Quasicrystals လို့ခေါ်တဲ့ ပုံဆောင်ခဲနဲ့ သဏ္ဍာန်တူတဲ့ အရာတွေကို ရှာဖွေ တွေ့ရှိခဲ့တဲ့အတွက် အစ္စရေးလ် သိပ္ပံပညာရှင် Daniel Shehtman ကို ၂၀၁၁ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆု ချီးမြှင့်လိုက်ပါတယ်။

Shechtman ရဲ့ ရှာဖွေတွေ့ရှိမှုကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ Solid Matter လို့ခေါ်တဲ့ ဒြဗ်ခဲတွေအပေါ် ယူဆချက်တွေ ပြောင်းလဲခဲ့တယ်လို့ နိုဘဲလ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မရှင် တော်ဝင် ဆွီဒင် သိပ္ပံအကယ်ဒမီက ပြောပါတယ်။

အရင်က ထင်မြင် ယူဆထားတာနဲ့ ကွာခြားပြီး ပုံဆောင်ခဲတွေထဲမှာရှိနေတဲ့ အနုမြူတွေဟာ ပုံသဏ္ဍာန်တခု အနေနဲ့ မပြောင်းလဲဘဲ ဖွဲ့စည်း တည်ရှိနေတယ်ဆိုတာကို Shechtman က ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ ပါမောက္ခ Daniel Shehtman ဟာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းခွဲ လက်ခံရရှိမှာ ဖြစ်ပါတယ်။

စာပေဆိုင်ရာ နိုဘဲလ်ဆုကိုတော့ ကြာသပတေးနေ့မှာ ကြေညာဖို့ ရှိပါတယ်။

This item is part of
XS
SM
MD
LG