သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆု နာနို နည်းပညာရှင်သုံးဦး ရရှိ


၂၀၁၆ ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုကို သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ Jean-Pierre Sauvage ၊James Fraser Stoddart နဲ့ Bernard Feringa တို့ရရှိ
၂၀၁၆ ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုကို သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ Jean-Pierre Sauvage ၊James Fraser Stoddart နဲ့ Bernard Feringa တို့ရရှိ

ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုကိုတော့ သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ Jean-Pierre Sauvage ၊James Fraser Stoddart နဲ့ Bernard Feringa တို့ကို နိုဘဲလ် ဆုရွေးချယ်ရေး အဖွဲ့က ရွေးချယ်လိုက်ပါတယ်။

နာနို နည်းပညာသုံး ဆံချည်မျှင်ထက် သေးငယ်တဲ့ မော်လီကျူလာ စက်တွေ ထုတ်လုပ်ခဲ့တဲ့ ဒီပုဂ္ဂိုလ် သုံးဦးရဲ့ ဆောင်ရွက်ချက်တွေ အတွက် အခုလို နိုဘဲလ်ဆု ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ နိုဘဲလ်ဆုရှင်တွေ ပုံစံထုတ်ပြီး ထုတ်လုပ်လိုက်တဲ့ မော်လီကူလာ နဲ့ ဖွဲ့စည်းထားတဲ့ စက်တွေဟာ ဆံချည်မျှင်ထက် အဆတထောင်လောက် သေးငယ်ပြီး စွမ်းအင် အသုံးပြု လည်ပတ်တဲ့ အစိတ်အပိုင်းတွေလည်း ပါဝင်ပါတယ်။

လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ပြီး နာနိုမီတာ စကေးလ်နဲ့ အလုပ်လုပ်နိုင်မယ့် ဒီစက်ကလေးတွေက နောက်ပိုင်းမှာ ပစ္စည်းတွေ စွမ်းအင်တွေ အသုံးပြုနိုင်တဲ့ စနစ်တရပ် ဖြစ်လာဖို့အတွက် ဦးတည်သွားစေနိုင်တာလည်း ဖြစ်ပါတယ်။ ဓာတုဗေဒဆိုင်ရာ နိုဘဲလ် ဆုရှင်တွေ အဖြစ် ချီးမြှင့်ခံရတဲ့ Jean-Pierre Sauvage ကတော့ ပြင်သစ်နိုင်ငံ Strasbourg တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်ပါတယ်။

James Fraser Stoddart ကတော့ အမေရိကန် ပြည်ထောင်စု Northwestern တက္ကသိုလ်က ဓာတုဗေဒဆိုင်ရာ ပါမောက္ခ ဖြစ်ပြီး Bernard Feringa ကတော့ နယ်သာလန် နိုင်ငံ Groningen တက္ကသိုလ်က ဇီ၀ ဓာတုဆိုင်ရာ ပါမောက္ခ ဖြစ်ပါတယ်။ဓာတုဗေဒ နိုဘဲလ်ဆု အတွက် အမေရိကန် ဒေါ်လာ ၉ သိန်း ၃ သောင်း ၁ ထောင် ချီးမြှင့်ခံရမှာ ဖြစ်ပြီး နိုဘဲလ်ဆုရှင် ၃ ဦးတို့ ခွဲေ၀ ယူကြရမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG