သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ နှစ်အရွယ် မိန်းခလေးငယ် နှိပ်စက်ခံရမှု ထိရောက်စွာအရေးယူဖို့ AHRC တိုက်တွန်း


AHRC အထိမ်းအမှတ်။
AHRC အထိမ်းအမှတ်။

အခုတလော လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ပျံနှံ့နေတဲ့ ၈ နှစ်အရွယ် ကလေးမလေးတဦး နှိပ်စက်ခံရတဲ့ပုံနဲ့ ပတ်သက်ပြီးတော့ အခုဆိုရင် ဒီကိစ္စမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရသူတွေကို အမှုဖွင့် အရေးယူနိုင်ဖို့အတွက် သက် ဆိုင်ရာ လူမှုအသင်းအဖွဲ့တွေကနေ ကြိုးစား လုပ်ဆောင် နေကြပါတယ်။ ဟောင်ေ ကာင်အခြေစိုက် AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ တိုက်တွန်းခဲ့တယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြ ပေးပါမယ်။

မစုဝေဆိုတဲ့ ကလေးမလေးကို ကြိုးတုပ်နှိပ်စက်ခဲ့တဲ့နေရာဟာ ရန်ကုန်မြို့ ဗဟန်း မြို့နယ်ထဲမှာရှိတဲ့ အိမ်ခြံဝင်းတခုမှာဖြစ်ပြီးတော့ အဲ့ဒီအိမ်ရဲ့ အိမ်ရှင်ဟာ လက်ရှိ အမျိုးသားလွှတ်တော်အမတ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်ရဲ့ အိမ်လို့လည်း သိရပါတယ်။ ဒီကလေးမလေးကို နှိပ်စက်ညှင်းပမ်းခဲ့တာနဲ့ စက်ဆပ် ပြီးတော့ မြန်မာနိုင်ငံရဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှု ဥပဒေနဲ့ ဘယ်လို ညှိစွန်းမှု ရှိသလဲဆိုတာကို AHRC ခေါ် အာရှလူ့ အခွင့်အရေးကော်မရှင် ရဲ့ မြန်မာဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက အခုလို ရှင်းပြပါတယ်။

“၁၉၉၃ခုနှစ် ကလေးသူငယ်ဥပဒေကို မြန်မာနိုင်ငံ အစိုးရကနေပြီးတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပါဝင်လက်မှတ်ရေး ထိုးထားတာ ဖြစ်တယ်။ ကလေး ငယ်တွေကို ဆိုဆုံးမတယ် ဆိုတဲ့ နေရာမှာ အခုလိုမျိုး အပြင်းအထန် ရိုက်နှက် ညှင်းပမ်း နှိပ်စက်ခြင်း ပြုသလိုမျိုး အထိတော့ ဆိုဆုံးမခွင့် မရှိဘူးလို့ ဥပဒေက အတိ အလင်း ပြဋ္ဌာန်း ထားပါတယ်။”

လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ကနေစတင် ပျံ့နှံ့နေတဲ့ ကလေးမလေးကို ကြိုးတုပ် နှိပ်စက်တဲ့ပုံ တွေကြောင့် ဒီကိစ္စကို စိတ်ဝင် စားတဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးကနေ စုံစမ်းမှုတွေ လုပ်ခဲ့ရာ ကနေ ကလေးမလေးရဲ့ ဖခင်နဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ ဖေ့စ်ဘွတ် စာမျက် နှာပေါ်က ပျံ့နှံ့နေတဲ့ မွေးစားစာချုပ်အရ ဗိုလ်မှူး ကျော်နုမော်ကနေ အဲဒီကလေးမ ေ လးကို မြိတ်မြို့နယ်မှာရှိတဲ့ ဖခင်ဖြစ်သူ ဦးသန်းဦးဆီကနေ အမွေစားအမွေခံ မဟုတ်ပဲ မွေးစားခဲ့တာဖြစ်တဲ့ကြောင်း၊ ဒါပေမယ့် နောက်ထပ် စုံစမ်းချက်တွေအရ ဦးသန်းဦးဟာ ကလေးမလေးရဲ့ ဖခင်အရင်းမဟုတ်ပဲ ပထွေးဖြစ်တယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကလေးသူငယ်များဆိုင် အခွင့်အရေး စာချုပ်စာနဲ့ ကလေးမွေးစားတဲ့ စာချုပ်ဆိုင်ရာ ဥပဒေအရ ပြစ်မှုကျူးလွန်သူဟာ မွေးစားမိဘတွေ မဟုတ်တောင်မှ မိမိအိမ်တွင်းမှာ ဖြစ်ပွားနေတဲ့ ပစ်မှုကြောင့်အပြင် မွေးစားဖခင်ဟာ လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ အတွက်ကြောင့် ဒီဖြစ်ရမှာ ဥပဒေအရ အထူး တာဝန်ရှိတယ်လို့ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“၁၉၉၃ခုနှစ် ကလေးသူငယ်အက်ဥပဒေပုဒ်မ ၁၇ (ဂ) မှာမွေးစားတဲ့လူဟာ မွေးစား ခံရတဲ့ ကလေးသူငယ် ပြည်ပသို့ ခိုးထုတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ မတရား ခြယ်လှယ်ြ ခင်း၊ အလုပ်ခိုင်းစေခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်း၊ မသမာမှုနဲ့ တရားမဲ့ ပြုကျင့်ခြင်း မများမပေါ်ရန် ထိမ်းသိမ်းစောင့်ရှောက်ရမယ်ဆိုပြီးတော့ ဥပဒေမှာ အတိအလင်း ပြ ဋ္ဌာန်း ထားပါတယ်။ အဲတော့ ယခုဖြစ်တဲ့ကိစ္စမှာ အိမ်ပိုင်ရှင်ဖြစ်တဲ့သူက မိမိရဲ့ စီမံ ခန့်ခွဲမှုအောက်မှာရှိတဲ့ ထင်ပေါ်ရိုက်နှက် ညှင်းပမ်းနေတာကို တွေ့ရင်တားမြှင့်ရမယ့် တာဝန်ရှိတယ်။ အိမ်ဖော်ဖြစ်တဲ့သူက အိမ်ရှင်ရဲ့ ညွှန်ကြားမှုကြောင့်သာလျင် ဒီလိုမျိုး ရိုက်နှက် ညှမ်းနှိပ်စက်တယ်လို့ ကျနော်တို့ကတော့ ထင်မြင်ယူဆတယ်။ ဘာဖြစ်လို့ လည်း ဆိုလို့ရှိရင် ဒီလို ရိုက်နှက် ညှင်းပမ်း နှိပ်စက်တာက တစ်ရက်တည်းမဟုတ်ပဲ ရက်နှစ်ဆယ်နီးပါးလောက် ဆက်တိုက်ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ သိရတယ်။ ဒါကြောင့် ဒီအိမ်ရှင် မှာလည်း အားပေးကူညီတဲ့အနေတဲ့ တဆိပ်တပိုင်း တာဝန်ရှိ တဲ့အပြင် ပြစ်မှုကျူးလွန်တာနဲ့ တူတူပဲလို့ ကျနော်တို့ ဥပဒေအရ သတ်မှတ်လို့ရ ပါတယ်။

အခု အိမ်ပိုင်ရှင်ဖြစ်တဲ့သူက တပ်မတော်ရဲ့ ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်ဖြစ်တယ်။ နိုင်ငံကိုယ်စားပြုပြီးတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ပိုမိုပြီးတော့ ဥပဒေပါ အချက်အလက်တွေကို စောင့်ရှောက် ထိမ်းသိမ်းရမှာဖြစ်တယ်။ ယခုတော့ အဲဒီလိုမဟုတ်ပဲနဲ့ ဥပဒေပြဋ္ဌာန်းချက်ကို ကိုယ်တိုင် ချိုးဖောက်သလို ဖြစ်နေတာကတော့ တပ်မတော်အတွက်လည်း မကောင်း ဘူး။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတယ်လို့ ကျနော်တို့ ကတော့ မြင်ပါတယ်။

အဲတော့ ကလေးသူငယ် ဥပဒေတွေအရ ကျနော်တို့ ဒီမွေးစားထားတဲ့ ကလေးကို အနှိပ်ဆုံး မူလတန်း ပညာပြီးဆုံးတဲ့အထိ ပညာသင်ပေးဖို့ရန် အတွက် ေ မွးစားတဲ့ မိဘတွေမှာ တာဝန်ရှိပါတယ်။ အဲတော့ ကျောင်းမထားဘူး ဆိုတာကတော့ ဒါ ဥပဒေပါ အချက်အလက်တွေကို မလိုက်နာဘူးဆိုတာကို ကျနော်တို့ အတိ အလင်း တွေ့ရတာဖြစ်တယ်။”

ဒီအမှုနဲ့ပတ်သက်ပြီးတော့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးထွန်းမြင့်ရဲ့ ပြောပြချက်အရ အဲဒီကလေးမလေးဟာ မိခင်ဖြစ်သူ ဆွေမျိုးတွေနဲ့အတူ ဗိုလ်မှူး ကျော်နုမော်အိမ်မှာပဲ တည်းခိုနေတယ်လို့ ဆိုပါတယ်။ တရားဥပဒေအရ ဒီလို အမှုကိစ္စဆောင်ရွက်နေချိန်အတွင်း အမှုမှာ ပါဝင်ပတ်သက်နေတဲ့ သူ ဒါမှမဟုတ် နေရာတွေမှာ ဆက်လက်ပြီး မနေထိုင်သင့်တဲ့ အကြောင်း ဦးမင်းလွင်ဦးက ပြောပါတယ်။

“ကျနော်တို့ အခုသိရသလိုမျိုး ဗိုလ်မှူး ကျော်နုမော်အိမ်မှာပဲ ဆက်လက်နေထိုင် ခွင့်ပြုဖို့အတွက် ပြန်လည် အပ်နှံတယ်ဆိုရင်တော့ ဒါကလေး သူငယ်အနေနဲ့ တရားရုံးတွေမှာ အမှုအခင်းဖြစ်လို့ ထွက်ဆိုတဲ့အခါမှာ လွှမ်းမိုးမှုတွေအများကြီး ရှိနိုင်တယ်။ သြဇာသက်ရောက်မှုတွေ အများကြီးရှိနိုင်တယ်။ ခြိမ်းခြောက်မှုတွေ အများကြီး ကြုံတွေ့ရနိုင်တယ်။”

မြန်မာနိုင်ငံမှာ ကလေးသူငယ်ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အစိုးရကနေ ေ ဆာင်ရွက်တဲ့အခါမှာ အားနည်းချက်တွေ အတော်များများရှိနေသေးကြောင်း၊ ဒါ့အပြင် ကလေးသူငယ်တွေကို ကျွန်ပြုခိုင်းစေတဲ့ကိစ္စတွေမှာ ဥပဒေအရ အရေးယူမယ်ဆိုရင် ကလေးသူငယ်တွေကို အလုပ်လုပ်ခိုင်းပြီး ကျွန်ပြုခွင့်ပေးတဲ့ မိဘတွေကအစ အရေး ယူရမှာဖြစ်ကြောင်း၊ ဒါကြောင့်မို့ မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ ကလေးတွေကို ခိုင်းစေ တာဖြစ်တဲ့အတွက် ကလေးတွေရဲ့ မိဘကိုပဲ အရေးယူမလား ဒါမဟုတ် အလုပ်ရှင်ေ တွကိုပဲ အရေးယူမလားဆိုတာကို အရှေ့တောင်အာရှလို ဆင်းရဲတဲ့ နိုင်ငံတွေမှာ အခုချိန်ထိ အငြင်းပွားစရာ တခုဖြစ်နေဆဲလို့ အာရှလူ့အခွင့်အရေးကော်မရှင် ရဲ့ မြန်မာ ဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

XS
SM
MD
LG