သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဟာရချို့တဲ့လို့ ကလေးသူငယ် နှစ်စဉ် သန်းချီသေဆုံး


အဟာရချို့တဲ့လို့ ကလေးသူငယ် နှစ်စဉ် သန်းချီသေဆုံး
အဟာရချို့တဲ့လို့ ကလေးသူငယ် နှစ်စဉ် သန်းချီသေဆုံး

ကမ္ဘာတဝှမ်း နှစ်စဉ် ကလေးငယ်ပေါင်း ၂ သန်း ၆ သိန်း သေဆုံးနေရတဲ့ အဓိက အကြောင်းရင်းဟာ အာဟာရချို့တဲ့မှုကြောင့် ဖြစ်တယ်လို့ လေ့လာတွေ့ရှိမှု သစ်တစ်ခုက ဆိုပါတယ်။

နိုင်ငံတကာ ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်နိုင်ဖို့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြိုးပမ်း ဆောင်ရွက် နေပေမဲ့လည်း အာဟာရချို့တဲ့မှု ပြဿနာဟာ ကမ္ဘာ့ ကလေးငယ်တွေရဲ့ လေးပုံတစ်ပုံကို ထိခိုက်စေတဲ့ ကြီးကြီးမားမား လျစ်လျူရှုခံနေတဲ့ ကိစ္စတစ်ခု ဖြစ်နေတုန်းပဲလို့ ကူညီ ထောက်ပံ့ရေးအဖွဲ့တစ်ခု ဖြစ်တဲ့ Save the Children ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ အာဟာရချို့တဲ့မှုကြောင့် တစ်နာရီတိုင်းမှာ ကလေးငယ် ၃၀၀ သေဆုံး နေတယ်လို့ ဆိုပါတယ်။ နိုင်ငံ အတော်များများမှာ စားသုံးကုန်ဈေးနှုန်း ကြီးမြင့်လာမှုက ကလေးငယ်တွေကို ကျောင်းထွက်ပြီး မိသားစုအတွက် ငွေရှာရတဲ့အဖြစ်ကို တွန်းပို့နေတယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

ဖြစ်ရပ်အတော်များများမှာ အစားအစာ အလုံအလောက် မရတဲ့အတွက်ကြောင့် တစ်ခုတည်းနဲ့ အာဟာရ ချို့တဲ့ရတာ မဟုတ်ဘဲ အာဟာပြည့်ဝတဲ့ အစားအစာတွေကို မိသားစုတွေက ဝယ်ယူ စားသုံးနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG