သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပဋိပက္ခကြား ကလေးငယ်တွေအတွက် လုံခြုံဘေးကင်းရေးအသိပညာ


စစ်ရေးပဋိပက္ခကြား ကလေးငယ်တွေအတွက် လုံခြုံဘေးကင်းရေးအသိပညာ
please wait

No media source currently available

0:00 0:05:44 0:00

ယူကရိန်းမှာ မူကြိုကျောင်းတွေကစပြီး စစ်ပွဲအန္တရာယ်နဲ့ ဘေးကင်းလုံခြုံရေးကို သင်ကြားပေးနေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ဗုံးခိုကျင်းကို စနစ်တကျမဆောက်နိုင်သလို ပညာပေးလုပ်ငန်းစဥ်အတွက်လည်း အထောက်အကူပစ္စည်းတွေမရှိလို့ သင်ကြားရေးမှာတောင် အခက်တွေ့နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ယူကရိန်းစစ်ပွဲ ၂ နှစ်ရှိလာချိန်မှာ ကလေးငယ်တွေ ဘေးကင်းလုံခြုံအောင် ကြိုတင်ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ယူကရိန်းက မူကြိုနဲ့ စာသင်ကျောင်းတွေမှာ အသိပညာပေး၊ သင်တန်းပေးတာတွေကို စနစ်တကျ စတင်လာပါတယ်။ ဗုံးခိုကျင်းတွေအကြောင်းရှင်းပြတာအပြင် ရှေးဦးသူနာပြုစုနည်းနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးသင်တန်းတွေလည်းပေးလာပါတယ်။ စစ်ပွဲတွေက ကလေးငယ်တွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေရှိနေသလဲဆိုတာ သတင်းထောက် Lesia Bakalets ယူကရိန်းနိုင်ငံ မြို့တော် Kyiv ကပေးပို့တဲ့ သတင်းဆောင်းပါးနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်လာနေတဲ့ မြန်မာနိုင်ငံမှာရော စစ်ဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ ကလေးငယ်တွေကို ဘယ်လောက်အထိ အသိပညာပေး ရှင်းပြတာရှိပါလဲ။ ဘယ်လို ကြိုတင် ပြင်ဆင် ကာကွယ်ပေးမှုတွေရှိနေသလဲဆိုတာတွေကို မခင်ဖြူထွေးက စုစည်း တင်ပြပေးထားပါတယ်။

Forum

XS
SM
MD
LG