သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါကျောင်းသားတွေ အပျက်အစီးတွေကြား ကျောင်းပြန်တက်


ငလျင်ဒဏ်ကြောင့် ပြိုပျက်နေတဲ့အိမ်တွေကြားက သားနှစ်ယောက်ကို ကျောင်းလိုက်ပို့နေတဲ့ ဖခင်တဦး။ (မေ ၃၁၊ ၂၀၁၅)
ငလျင်ဒဏ်ကြောင့် ပြိုပျက်နေတဲ့အိမ်တွေကြားက သားနှစ်ယောက်ကို ကျောင်းလိုက်ပို့နေတဲ့ ဖခင်တဦး။ (မေ ၃၁၊ ၂၀၁၅)

နီပေါနိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းက လူပေါင်း ၈,၆၀၀ ဝန်းကျင်သေဆုံးခဲ့ရတဲ့မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် သီတင်း ၅ ပတ်အကြာမှာ ကျောင်းတွေ
ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ကလေးတွေ စာသင်ခန်းကို ပြန်လည် တက်ရောက် သင်ကြားနေကြပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းက ကျောင်းသူ ကျောင်းသားတွေဟာ အပျက်အစီးပုံတွေကိုကျော်ဖြတ်ပြီး ရွက်ဖျင် ပလပ်စတစ်တွေ ဝါးလုံးတွေနဲ့ ယာယီ တည်ဆောက်ထားတဲ့ စာသင်ခန်းတွေ ဆီကို သွားခဲ့ကြရပါတယ်။

ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြေဖျောက်ပေးနိုင်စေအောင်လေ့ကျင့်သင်ကြားထားတဲ့ ဆရာတွေက ကလေးတွေကို ငလျင်နဲ့ပတ်သက်တဲ့
အတွေ့အကြုံတွေကို များများပြောအောင် အားပေးမှာဖြစ်ပြီး အတန်းထဲမှာ ပြန်ပြီးအသားကျအောင် လုပ်သွားမှာဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေက
ပြောပါတယ်။

ပုံမှန် စာသင်ကြားမှုကို နှစ်ပတ်လောက်အကြာမှာ ပြုလုပ်နိုင်လိမ့်မယ်လို့လည်း သူတို့က ပြောပါတယ်။ ၇.၈ ပြင်းအားရှိတဲ့ မြေငလျင်ကြောင့် နိုင်ငံတဝှမ်းမှာ ကျောင်းပေါင်း ၈ ထောင်ကျော် ပျက်စီးသွားခဲ့ပြီး အများစုဟာ ကျေးလက်ဒေသတွေမှာ ဖြစ်ကြပါတယ်။

XS
SM
MD
LG