သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူဂန်ဒါ စာသင်ကျောင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု ၄၀ ဝန်းကျင် သေဆုံး


Uganda Rebel Attack Students Killed
Uganda Rebel Attack Students Killed

ယူဂန်ဒါနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ကျောင်းတကျောင်းကို အကြမ်းဖက် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုအတွင်း ကလေးငယ်တွေအပါအဝင် ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ IS စစ်သွေးကြွနဲ့ ဆက်နွယ်တဲ့ စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ၄၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားပေမဲ့ ကလေးငယ် ဘယ်နှယောက်လဲဆိုတာ အတိအကျ မသိရသေးပါဘူး။

အစိုးရပိုင် New Vision သတင်းစာက သေဆုံးသူ ၃၉ ယောက်ဟာ ကျောင်းသားကလေးငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ Congo သမ္မတနိုင်ငံနဲ့ နယ်စပ်နားမှာရှိတဲ့ Mpondwe မြို့က Lhubirira မူလတန်းကျောင်းတိုက်ခိုက်ခံရမှုအတွင်း ၈ ယောက်ထက် မနည်းလည်း ဒဏ်ရာအပြင်းအထန် ရခဲ့ကြပါတယ်။ ၅ ယောက်ဝန်းကျင်ရှိတဲ့ တိုက်ခိုက်သူတွေဟာ အဲဒီမြို့မှာ ၂ ရက်လောက် ကြိုရောက်နေကြပြီး ပြစ်မှတ်တွေကို ကြိုတင်မှတ်သားထားပုံရတယ်လို့ စစ်တပ်က ပြောပါတယ်။

Congo နိုင်ငံထဲမှာ အခြေစိုက်တဲ့ ADF စစ်သွေးကြွအဖွဲ့ တိုက်ခိုက်တာဖြစ်ပြီး သူတို့နောက်ကို လိုက်လံရှာဖွေနေတယ်လို့ စစ်တပ်က ပြောပါတယ်။ မူလတန်းကျောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းဆောင်တွေ မီးရှို့ခံခဲ့ရသလို အစားအသောက် သိုလှောင်ထားတဲ့နေရာတွေကိုလဲ ဖျက်ဆီးခိုးယူသွားကြတယ်လို့ ရဲက ပြောပါတယ်။

XS
SM
MD
LG