သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများ ကာကွယ်ဆေးအတွက် ဒေါ်လာ သန်း ၄,၀၀၀ လှူကြမည်

ကလေးများ ကာကွယ်ဆေးအတွက် ဒေါ်လာ သန်း ၄,၀၀၀ လှူကြမည်
ကလေးများ ကာကွယ်ဆေးအတွက် ဒေါ်လာ သန်း ၄,၀၀၀ လှူကြမည်

နမိုးနီးယားနဲ့ ဝက်သက်ရောဂါတို့လို ကလေးငယ်တွေရဲ့ အသက်ကို အန္တရာယ် ပေးနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့အတွက် ဒေါ်လာ သန်း ၄,၀၀၀ ကျော် လှူဒါန်းမယ်လို့ နိုင်ငံတကာ အလှူရှင်တွေက ကတိပေးလိုက်ကြပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တနင်္လာနေ့က လုပ်ခဲ့တဲ့ ၁ ရက်ကြာ ညီလာခံမှာ ဗြိတိန်နိုင်ငံက ဒေါ်လာ သန်းပေါင်း ၁,၃၀၀ ဦးဆောင်လှူမယ်လို့ ကတိပြုခဲ့တာပါ။

Microsoft သူဌေးကြီး ဘီလ်ဂိတ်စ် (Bill Gates) နဲ့ သူ့ဇနီးတို့ရဲ့ Bill and Melinda Gates Foundation ပရဟိတ အဖွဲ့ကြီးက နောင် ၅ နှစ်အတွင်း ဒေါ်လာ သန်း ၁,၀၀၀ ကျော် လှူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအလှူငွေတွေကို Global Alliance for Vaccines and Immunization ကူးစက်ရောဂါ ခုခံ ကာကွယ်ဆေးဆိုင်ရာ ကမ္ဘာ့ မဟာမိတ် အဖွဲ့ကြီးကို လှူဒါန်းကြတာ ဖြစ်ပါတယ်။

ကလေးငယ်ပေါင်း သန်း ၂၅၀ ကျော်ကို အလှူငွေတွေနဲ့ ကာကွယ်ဆေး ထိုးပေးနိုင်မှာဖြစ်ပြီး ၄,၀၀၀,၀၀၀ ရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

တနင်္လာနေ့က လှူဒါန်းခဲ့ကြတဲ့ တခြားနိုင်ငံတွေကတော့ နော်ဝေးနိုင်ငံက ဒေါ်လာသန်းပေါင်း ၆၇၀၊ အမေရိကန်က ဒေါ်လာသန်းပေါင်း ၄၅၀ နဲ့ သြစတြေးလျက ဒေါ်လာသန်းပေါင်း ၂၀၀ ကျော် ထောက်ပံ့ လှူဒါန်းခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG