သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီမိုင်းလုပ်သားများ ကယ်ဆယ်ရေး အလားအလာကောင်း


ချီလီနိုင်ငံက ရွှေနဲ့ကြေးတူးဖော်ထုတ်လုပ်တဲ့ သတ္တုတွင်းပြိုကျပြီး မြေအောက် ပေပေါင်းများစွာပိတ်မိနေတဲ့ တွင်းတူးလုပ်သား ၃၃ ယောက်ကို ကယ်ဆယ်ရေး လုပ်ဆောင်နေတာမှာ ထူးခြားတဲ့ တိုးတက်မှုတခုကို ရလိုက်ပါပြီ။ လုပ်သားတွေပိတ်မိနေတဲ့ နေရာ အထိကို တွင်းတခု ထပ်တူးလိုက်နိုင်တာဖြစ်ပြီး သူတို့တွေ လုံလုံခြုံခြုံနဲ့ ပြန်ထွက်လာနိုင်အောင် အဲဒီတွင်းကို ထပ်ချဲ့ကြမှာဖြစ်ပါတယ်။

မြေအောက်အနက်ပေ ၂,၀၀၀ ကျော်မှာ ပိတ်မိနေတဲ့ လုပ်သားတွေရှိတဲ့နေရာအထိ အင်ဂျင်နီယာတွေက တွင်းတူးစက်နဲ့ တူးခဲ့ကြတာပါ။ ဒါပေမဲ့လည်း နိုဝင်ဘာလမတိုင်ခင်တော့ ကယ်ဆယ်ရေးတွင်းကို အပြီးသတ်နိုင်ဦးမှာမဟုတ်ဘူးလို့ ကယ်ဆယ်ရေး လုပ်သားတွေကပြောပါတယ်။

လုပ်သားတွေကို ကယ်ထုတ်နိုင်လောက်တဲ့ ၂၄ လက်မနီးပါး အကျယ်အထိ တွင်းကိုချဲ့နိုင်အောင် ပိုကြီးတဲ့ တွင်းတူး စက်သွား ကို အသုံးပြုမယ်လို့ ကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။ တွင်းတူးနိုင်ဖို့အတွက် စင်ကြီးတခုကို ကယ်ဆယ်ရေးအဖွဲ့က ကြာသပတေးနေ့မှာ အပြီးသတ် ဆောက်ပြီးသွားပါပြီ။

အဲဒီစင်ကြီး ဆောက်ပြီးသွားတဲ့အချိန်မှာ တွင်းလုပ်သားတွေရဲ့ မိသားစု ဆွေမျိုးတွေက ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခုပ်လက်ဝါး တီး အားပေးခဲ့ကြပါတယ်။ တွင်းလုပ်သား ၃၃ ယောက်ဟာ သြဂုတ်လအစောပိုင်းကတည်းက တွင်းပြိုကျပြီး ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG