သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီမြောက်ပိုင်းမှာ ပြင်းအား ၈.၂ ငလျင်ကြောင့် ၆ ဦးသေဆုံး


ချီလီနိုင်ငံအနောက်မြောက်ကမ်းခြေမှာ ပြင်းအား ၈ ဒဿမ ၂ ရှိတဲ့ ငလျင်တခုလုပ်သွားတဲ့အတွက် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး သိပ်မကြီးလှတဲ့ ဆူနားမီးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ ပစိဖိတ်သမုဒ္ဒယာ ကမ်းခြေတလျှောက် ဆူနားမီး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

ငလျင်ဟာ Iquique မြို့ရဲ့ အနောက်မြောက်ဖက် မိုင် ၆၀ ကျော်အကွာကို ဗဟိုပြုပြီး အင်္ဂါနေ့နှောင်းပိုင်းက လှုပ်ခတ်သွားခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါတယ်။ ပြင်းအား ၆ ဒဿမ ၂ ရှိတဲ့ ငလျင်အပါအဝင် နောက်ဆက်တွဲ ငလျင်ငယ်တချို့လဲ လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုဟာ Bolivia နဲ့ ပီရူးနိုင်ငံတွေအထိ ရိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အမြင့် ၂ မီတာလောက်ရှိတဲ့ ရေလှိုင်းတွေ ဆိပ်ကမ်းမြို့တွေမှာ တိုက်ခတ်ခဲ့တယ်လို့ ချီလီအာဏာပိုင်တွေက ပြောပါတယ်။ ကြီးမားတဲ့ ရေလှိုင်းကြီးတွေ တိုက်ခတ်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေနဲ့အတူ သက်ရောက်နိုင်တဲ့ ဒေသတွေမှာ အာဏာပိုင်တွေက သတိပေးချက်တွေ ချက်ခြင်း ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်လှုပ်ပြီး နာရီပိုင်းအကြာမှာပဲ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သမ္မတ Michelle Bachelet က ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
XS
SM
MD
LG