သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နိုင်ငံသား အင်ဒိုနီးရှား ကွပ်မျက်ဖို့ နီးစပ်


အင်ဒိုနီးရှားမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ပေးခံရဖွယ် ရှိတဲ့ ပြင်သစ်နိုင်ငံသား Serge Atlaoui
အင်ဒိုနီးရှားမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ပေးခံရဖွယ် ရှိတဲ့ ပြင်သစ်နိုင်ငံသား Serge Atlaoui

မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ပြင်သစ်နိုင်ငံသားအမှုအတွက် အယူခံဝင်တာကို အင်ဒိုနီးရှား တရားရုံးက ပယ်ချလိုက်တဲ့ အတွက် အဲဒီ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ ပြစ်တင် ဝေဖန်မှုတွေ နောက်ထပ် ဖြစ်ပေါ်လာမယ့် အလားအလာ ရှိနေပါတယ်။

အသက် ၅၁ နှစ်အရွယ် Serge Atlaoui ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အသနားခံခဲ့တာကို အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ငြင်းပယ်ခဲ့တဲ့အတွက် သူ့ရဲ့ ရှေ့နေတွေက တရားရုံးမှာ အယူခံဝင်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတရဲ့ ဆုံးဖြတ်ချက်အပေါ် သူတို့အနေနဲ့ ပြန်ပြင်ခွင့်မရှိဘူးဆိုပြီး တရားရုံးက တနင်္လာနေ့မှာ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း Atlaoui ရဲ့ရှေ့နေ Nancy Yuliana က ပြောကြားလိုက်ပြီး သူတို့အမှုသည်အတွက် သူတို့အနေနဲ့ ဥပဒေလမ်းကြောင်းအရ တခြား လုပ်နိုင်တဲ့နည်းတွေနဲ့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

Atlaoui ဟာ ဂျကာတာမြို့အပြင်မှာရှိတဲ့ ဆေးစက်ရုံအနီးမှာ ၂ဝဝ၅ ခုနှစ်က အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ သူကတော့ သူ့အနေနဲ့ အပြစ်မရှိကြောင်း တောက်လျှောက် ပြောဆိုလာခဲ့ပြီး သူလုပ်နေတဲ့နေရာဟာ ဓါတုဗေဒ စက်ရုံလို့ထင်မှတ်ပြီး လုပ်နေခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

ဧပြီလအတွင်း မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ တခြားနိုင်ငံခြားသားတွေကို အင်ဒိုနီးရှား အစိုးရက ကွပ်မျက်ခါနီးမှာ ပြင်သစ်အစိုးရက ကြားဝင် ဆောင်ရွက်ပေးခဲ့တဲ့အတွက် သူ့ကို ကွက်မြက်မယ့် အစီအစဉ်ကို ယာယီ ရွေ့ဆိုင်းပေးခဲ့ပါတယ်။ သေဒဏ် အပြစ်ပေးမှုကို လက်မခံတဲ့ ပြင်သစ်အစိုးရကတော့ Atlaoui ကို သေဒဏ်ပေးရင် အင်ဒိုနီးရှားနဲ့ သံတမန်ရေးအရ ဆက်ဆံမှုကို ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

XS
SM
MD
LG