သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ မင္းတပ္၊ မတူပီ၊ ဖလမ္း တိုက္ပြဲေတြဆက္ျဖစ္ေန


မင္းတပ္၊ မတူပီ၊ ဖလမ္း

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ မင္းတပ္၊ မတူပီ၊ ဖလမ္းၿမိဳ႕နယ္ဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရး CDF အဖြဲ႕ေတြအၾကား ဒီေန႔ ဇန္နဝါရီလ ၁၁ ရက္မွာ တိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။ စစ္ေရးတင္းမာေနတဲ့မတူပီၿမိဳ႕နယ္ဘက္ကို စစ္ေကာင္စီတပ္ေတြအင္အား ထပ္ျဖည့္လာတယ္လို႔လည္း CDF တာဝန္ရွိသူေတြဘက္က ေျပာပါတယ္။ ခ်င္းျပည္နယ္ဘက္ စစ္ေရးေနာက္ဆုံးအေျခအေနအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာ ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္ဘက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ ကာကြယ္ေရးအဖြဲ႕ေတြ ဒီေန႔လည္း အဂၤါေန႔မွာလည္း ဆက္ၿပီး တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ စစ္ယာဥ္တန္းေတြအေပၚ မင္းတပ္ CDF အဖြဲ႕ဘက္က ၿခဳံခိုတိုက္ခိုက္မႈေတြလုပ္ရာက ပစ္ခတ္တိုက္ခိုက္မႈေတြျဖစ္ခဲ့တယ္လို႔ CDF ျပန္ၾကားေရးတာဝန္ခံ ဆလိုင္းေယာမာန္က ေျပာပါတယ္။

“ဒီေန႔လည္း (၁၁) ခြဲေလာက္မွာ ေနာက္ထပ္တိုက္ပြဲျပန္ျဖစ္တယ္။ ဒီမိုင္တိုင္ ၃၉/ ၃၉မွာ ဝန္းက်င္မွာပဲ။ တိုက္ပြဲျပန္ျဖစ္တယ္။ က်ေနာ္တို႔ဘက္က ၿခဳံခိုပစ္တာပဲ။ ဟိုဘက္က အထိခိုက္အက်ဆုံးေတာ့မသိရေသးပါဘူး။ မေန႔က မိုင္တိုင္ (၂၇) မွာ ေန႔လယ္ တနာရီေလာက္မွာ ပစ္ခတ္မႈတခုျဖစ္တယ္။ အစိုးရဘက္ကေတာ့အက်ဆုံး ရွိမယ္။ ထိခိုက္ဒဏ္ရာရွိမယ္။ ဒါေပမယ့္ ဘယ္ေလာက္က်ဆုံး ထိခိုက္ဒဏ္ရာရတာေျပာလို႔မရဘူး။”

ဇန္နဝါရီ ၁၀ ရက္ တနလၤာေန႔ကလည္း မတူပီၿမိဳ႕ဘက္ကိုသြားတဲ့ စစ္ယာဥ္တန္းေတြကိုမင္းတပ္ CDF ဘက္က ၿခဳံခိုတိုက္ခိုက္ခဲ့တယ္လို႔ေျပာပါတယ္။ မတူပီၿမိဳ႕ နယ္ဘက္ကို စစ္ေကာင္စီတပ္ေတြ အလုံးအရင္းနဲ႔ အင္အားျဖည့္ေနတယ္လို႔လည္း ဆလိုင္းေယာမာန္ကေျပာပါတယ္။

“စစ္အင္အားကေတာ့ စစ္ကားေတြအစီး (၉၀) ေက်ာ္တယ္။ ေတာ္ေတာ္မ်ားတယ္။ သံခ်ပ္ကာ ၂ စီးေပါ့။ မတူပီကို အင္အားျဖည့္တဲ့ သေဘာပဲ။”

မတူပီၿမိဳ႕နယ္ထဲမွာေတာ့ မတူပီ-ပလက္ဝလမ္းအေျခစိုက္ ခမရ (၃၀၄) တပ္ရင္းကို မတူပီ CDF အဖြဲ႕ကေန တနလၤာေန႔ ေန႔လယ္ပိုင္းက ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ မတူပီ CDF ျပန္ၾကားေရးတာဝန္ခံ ကိုေနလင္းဦးက ေျပာပါတယ္။

“မေန႔ကေတာ့ မတူပီကေန ပလက္ဝကိုသြားတဲ့လမ္းေပါ့။ ပလက္ဝအေျခစိုက္ ေပါ့ေလ။ ခမရ (၃၀၄) ကို က်ေနာ္တို႔ CDF အဖြဲ႕ေတြက ဝင္တိုက္တာေပါ့ေလ။ မိုင္းခြဲၿပီးတိုက္တာ။ စကစဘက္က ၃ ဦးက်ဆုံးၿပီးမွ အမ်ားျပား ဒဏ္ရာရတယ္ ၾကားတာေပါ့ေလ။”

မတူပီၿမိဳ႕နယ္ထဲမွာ ဇန္နဝါလ ၃ ရက္ေန႔ကတည္းက မတူပီ CDF အဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနပါတယ္။ မင္းတပ္နဲ႔ မတူပီၿမိဳ႕ နယ္ေတြမွာလိုပဲ ခ်င္းျပည္နယ္ထဲကပဲ ဖလမ္းၿမိဳ႕နယ္၊ ေဝဘူလၿမိဳ႕ဘက္မွာလည္း ဒီေန႔ တိုက္ပြဲျဖစ္ပြားေနတယ္လို႔ CNDF ျပန္ၾကားေရးတာဝန္ခံကေျပာပါတယ္။

“မနက္ (၉) နာရီနဲ႔ (၁၀) နာရီၾကားေလာက္မွာ တိုက္ပြဲျဖစ္တယ္။ အဲဒါ ေဝဘူလအနီးမွာပဲ။က်ေနာ္တို႔ေထာင္ထားတဲ့မိုင္း သူတို႔ နင္းမိတယ္။ ထိခိုက္မႈမ်ားေတာ့မ်ားမယ္။ အေသအေၾကေတာ့ က်ေနာ္တို႔လည္း မသိရေသးဘူး။ ပစ္တုန္းခတ္တုန္း ဆိုေတာ့ေလ။”

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ နတ္ေခ်ာင္းေက်း႐ြာဘက္ကေန ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ဘက္သြားတဲ့ စစ္ေကာင္စီတပ္ေတြ တနလၤာေန႔ညေနပိုင္းကေဝဘူလၿမိဳ႕အနီး Ral Om ရာလ္အြမ္ေက်း႐ြာနဲ႔ ခြီသမ္႐ြာအၾကားအေရာက္ CNDF ဘက္ကေန မေန႔ကလည္း ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ေျပာပါတယ္။

မင္းတပ္၊ ဖလမ္း၊ မတူပီစတဲ့ ခ်င္းျပည္နယ္ထဲက ၿမိဳ႕နယ္ေတြမွာ ျဖစ္ေနတဲ့ တိုက္ပြဲအတြင္း စစ္တပ္ဘက္က ထိခိုက္မႈမ်ားတယ္လို႔ CDF ဘက္ကေျပာဆိုေပမဲ့ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ တိုက္ပြဲအေျခအေနေတြကိုသိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့လည္း မရခဲ့ပါဘူး။

ဇန္နဝါရီ ၉ ရက္ တနဂၤေႏြေန႔ညေနက ဖလမ္းၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြ ဖမ္းဆီးခဲ့တဲ့ ေဒသခံ ၃ ေယာက္ ခုထိလြတ္မလာေသးပါဘူး။ ေတာင္ယာျပန္အရပ္ သား ၅ ေယာက္ ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး ၂ ေယာက္ကိုေတာ့ ျပန္လႊတ္ေပးခဲ့ပါတယ္။

စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ ခ်င္းျပည္နယ္ မင္းတပ္၊ မတူပီ၊ ဖလမ္း၊ ထန္တလန္၊ ဟားခါး ၊ကန္ပက္လက္ စတဲ့ၿမိဳ႕နယ္ေတြမွာ ေဒသခံေတြက လက္နက္စြဲကိုင္ ဆန႔္က်င္ ခုခံ ေတာ္လွန္မႈေတြ လုပ္လာၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ဖလမ်း တိုက်ပွဲတွေဆက်ဖြစ်နေ

ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ဖလမ်းမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး CDF အဖွဲ့တွေအကြား ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ စစ်ရေးတင်းမာနေတဲ့မတူပီမြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေအင်အား ထပ်ဖြည့်လာတယ်လို့လည်း CDF တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ချင်းပြည်နယ်ဘက် စစ်ရေးနောက်ဆုံးအခြေအနေအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့လည်း အင်္ဂါနေ့မှာလည်း ဆက်ပြီး တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ စစ်ယာဉ်တန်းတွေအပေါ် မင်းတပ် CDF အဖွဲ့ဘက်က ခြုံခိုတိုက်ခိုက်မှုတွေလုပ်ရာက ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ CDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမာန်က ပြောပါတယ်။

“ဒီနေ့လည်း (၁၁) ခွဲလောက်မှာ နောက်ထပ်တိုက်ပွဲပြန်ဖြစ်တယ်။ ဒီမိုင်တိုင် ၃၉/ ၃၉မှာ ဝန်းကျင်မှာပဲ။ တိုက်ပွဲပြန်ဖြစ်တယ်။ ကျနော်တို့ဘက်က ခြုံခိုပစ်တာပဲ။ ဟိုဘက်က အထိခိုက်အကျဆုံးတော့မသိရသေးပါဘူး။ မနေ့က မိုင်တိုင် (၂၇) မှာ နေ့လယ် တနာရီလောက်မှာ ပစ်ခတ်မှုတခုဖြစ်တယ်။ အစိုးရဘက်ကတော့အကျဆုံး ရှိမယ်။ ထိခိုက်ဒဏ်ရာရှိမယ်။ ဒါပေမယ့် ဘယ်လောက်ကျဆုံး ထိခိုက်ဒဏ်ရာရတာပြောလို့မရဘူး။”

ဇန်နဝါရီ ၁၀ ရက် တနင်္လာနေ့ကလည်း မတူပီမြို့ဘက်ကိုသွားတဲ့ စစ်ယာဉ်တန်းတွေကိုမင်းတပ် CDF ဘက်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ မတူပီမြို့ နယ်ဘက်ကို စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ အင်အားဖြည့်နေတယ်လို့လည်း ဆလိုင်းယောမာန်ကပြောပါတယ်။

“စစ်အင်အားကတော့ စစ်ကားတွေအစီး (၉၀) ကျော်တယ်။ တော်တော်များတယ်။ သံချပ်ကာ ၂ စီးပေါ့။ မတူပီကို အင်အားဖြည့်တဲ့ သဘောပဲ။”

မတူပီမြို့နယ်ထဲမှာတော့ မတူပီ-ပလက်ဝလမ်းအခြေစိုက် ခမရ (၃၀၄) တပ်ရင်းကို မတူပီ CDF အဖွဲ့ကနေ တနင်္လာနေ့ နေ့လယ်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မတူပီ CDF ပြန်ကြားရေးတာဝန်ခံ ကိုနေလင်းဦးက ပြောပါတယ်။

“မနေ့ကတော့ မတူပီကနေ ပလက်ဝကိုသွားတဲ့လမ်းပေါ့။ ပလက်ဝအခြေစိုက် ပေါ့လေ။ ခမရ (၃၀၄) ကို ကျနော်တို့ CDF အဖွဲ့တွေက ဝင်တိုက်တာပေါ့လေ။ မိုင်းခွဲပြီးတိုက်တာ။ စကစဘက်က ၃ ဦးကျဆုံးပြီးမှ အများပြား ဒဏ်ရာရတယ် ကြားတာပေါ့လေ။”

မတူပီမြို့နယ်ထဲမှာ ဇန်နဝါလ ၃ ရက်နေ့ကတည်းက မတူပီ CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ မင်းတပ်နဲ့ မတူပီမြို့ နယ်တွေမှာလိုပဲ ချင်းပြည်နယ်ထဲကပဲ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ဘက်မှာလည်း ဒီနေ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ CNDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“မနက် (၉) နာရီနဲ့ (၁၀) နာရီကြားလောက်မှာ တိုက်ပွဲဖြစ်တယ်။ အဲဒါ ဝေဘူလအနီးမှာပဲ။ကျနော်တို့ထောင်ထားတဲ့မိုင်း သူတို့ နင်းမိတယ်။ ထိခိုက်မှုများတော့များမယ်။ အသေအကြေတော့ ကျနော်တို့လည်း မသိရသေးဘူး။ ပစ်တုန်းခတ်တုန်း ဆိုတော့လေ။”

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာဘက်ကနေ ချင်းပြည်နယ် ဖလမ်းမြို့နယ်ဘက်သွားတဲ့ စစ်ကောင်စီတပ်တွေ တနင်္လာနေ့ညနေပိုင်းကဝေဘူလမြို့အနီး Ral Om ရာလ်အွမ်ကျေးရွာနဲ့ ခွီသမ်ရွာအကြားအရောက် CNDF ဘက်ကနေ မနေ့ကလည်း ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။

မင်းတပ်၊ ဖလမ်း၊ မတူပီစတဲ့ ချင်းပြည်နယ်ထဲက မြို့နယ်တွေမှာ ဖြစ်နေတဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်မှုများတယ်လို့ CDF ဘက်ကပြောဆိုပေမဲ့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲအခြေအနေတွေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။

ဇန်နဝါရီ ၉ ရက် တနင်္ဂနွေနေ့ညနေက ဖလမ်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၃ ယောက် ခုထိလွတ်မလာသေးပါဘူး။ တောင်ယာပြန်အရပ် သား ၅ ယောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ထန်တလန်၊ ဟားခါး ၊ကန်ပက်လက် စတဲ့မြို့နယ်တွေမှာ ဒေသခံတွေက လက်နက်စွဲကိုင် ဆန့်ကျင် ခုခံ တော်လှန်မှုတွေ လုပ်လာကြတာဖြစ်ပါတယ်။

#MyanmarViolence #ChinFighting #VOABurmese #ချင်းပြည်နယ် #မင်းတပ်၊မတူပီ၊ဖလမ်း #စစ်အာဏာသိမ်းကောင်စီ #တိုက်ပွဲ #ဆလိုင်းယောမာန် #ခြုံခိုတိုက်ခိုက် #ဗွီအိုအေ

==============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG