သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မတူပီနဲ႔ ဖလမ္းဘက္မွာ တိုက္ပြဲရွိဆဲ


တုိက္ပြဲျဖစ္ေနၾကတဲ့ ပလက္ဝ၊ မတူပီ၊ ဟားခါးၿမိဳ႕မ်ားျပေျမပံု။

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္၊ မတူပီၿမိိဳ႕နယ္ဘက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းကာကြယ္ေရးအဖဲြ႔ေတြၾကား ဒီကေန႔ ဇန္နဝါရီလ ၆ ရက္မွာ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ မနက္ကေန ညေနအထိ တိုက္ပြဲျပင္းထန္ခဲ့တဲ့ မတူပီဘက္ စစ္ေရး ေနာက္ဆုံးအေျခအေနအေၾကာင္းရန္ကုန္ ကေပးပို႔တဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ထဲက မတူပီၿမိဳ႕နယ္ဘက္မွာ ဒီကေန႔လည္း တိုက္ပဲြေတြ ျပင္းထန္ခဲ့တာပါ။ မတူပီ-ဟားခါး လမ္းမႀကီးေဘးမွာ စစ္ေကာင္စီတပ္ေတြဘက္က ခ်င္းေဒသခံ ျပည္သူ႔ ကာကြယ္ေရးအဖဲြ႔ေတြအေပၚ ထိုးစစ္ဆင္တိုက္ခိုက္ေနတာမွာ မနက္ပိုင္းကေနညေန ၅ နာရီေလာက္ ေရာက္တဲ့အထိ တိုက္ပဲြေတြျဖစ္ခဲ့တယ္လို႔ မတူပီ CDF ျပန္ၾကားေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။

“အခုေလာေလာဆယ္ က်ေနာ္တို႔ မနက္ ၉ နာရီေပါ့ေနာ။က်ေနာ္တို႔ မတူပီ-ဟားခါးလမ္းမွာရွိတဲ့ CDF ရွိတဲ့ ေနရာကို စစ္တပ္ဘက္က အင္အားအလုံးအရင္းနဲ႔ ထိုးစစ္ဆင္လာေတာ့ ေလာေလာဆယ္ တိုက္ပြဲက ေတာက္ေလွ်ာက္ ျပင္းထန္ေနတာေပါ့ေနာ္။ မတူပီ-ဟားခါးလမ္း ကီလုန္းေက်းရြာနားေပါ့ေနာ္၊ အဲဒီၾကားမွာေပါ့။ ႏွစ္ဘက္ ထိခိုက္က်ဆုံးတဲ့ စာရင္းေတြေတာ့ က်ေနာ္တို႔ ေလာေလာဆယ္ မသိေသးဘူးခင္ဗ်။”

ဇန္နဝါရီလ ၄ ရက္ေန႔ကလည္း မတူပီ-ပလက္ဝလမ္းေပၚမွာ႐ွိတဲ့ ေနရာတခုနဲ႔ မတူပီ-ဟားခါးလမ္းေပၚက ဖနိုင္နဲ႔ ငလိုင္ ရြာႏွစ္႐ြာၾကား တုိက္ပြဲေတြျဖစ္ခဲ့ပါတယ္။

“၄ ရက္ေန႔ကေတာ့ က်ေနာ္တို႔ မတူပီ-ပလက္ဝမွာရွိတဲ့ဟာနဲ႔ မတူပီ-ဟားခါး အဲဒီႏွစ္ေန ရာမွာျဖစ္တဲ့ဟာေတာ့ စကစဘက္က အရာရွိတဦးအပါအဝင္ သံုးဦး ေသဆုံးတယ္ေပါ့ေနာ္၊ ၿပီးေတာ့ အမ်ားအျပား ဒဏ္ရာရတယ္။”

ေသဆံုးမႈေတြနဲ႔ပတ္သက္လို႔ေတာ့ VOA ကသီးျခား အတည္မျပဳႏိုင္ေသးပါဘူး။ ခုလို မတူပီၿမိဳ႕နယ္ထဲမွာ ျဖစ္ေနတဲ့ တိုက္ပဲြေတြေၾကာင့္ ေက်း႐ြာ ၆ ခုက ႐ြာသားေတြ စစ္ေဘးလြတ္ရာ ခုိလံႈေနၾကရၿပီး စစ္ေျပးဒုကၡ ၡသည္ ၄,၀၀၀ ေလာက္႐ွိေနၿပီလို႔ ေျပာပါတယ္။

“အခုေလာေလာဆယ္ တိုက္ပြဲေတာက္ေလွ်ာက္ျဖစ္ေနတဲ့အတြက္က်ေနာ္တို႔ ေက်းရြာေန ျပည္သူေတြက ေတာ့ေလ စစ္ေဘးေရွာင္အေနနဲ႔ စစ္ေဘးတိမ္းေရွာင္တာေတာ့ ရွိပါတယ္ဗ်ာ။ ရြာကေတာ့ ခန္႔မွန္းေျခ အခုေလာေလာဆယ္ ၆ ရြာ၊ ၇ ရြာေလာက္ေတာ့ရွိပါတယ္ေနာ္။ လူဦးေရခန္႕မွန္းေျခဆိုတာထက္ က်ေနာ္တို႔ မတူပီၿမိဳ႕နယ္အတြင္းမွာ စုစုေပါင္း စစ္ေဘးေရွာင္လူဦးေရအားလုံးက ၃,၀၀၀ နဲ႔ ၄,၀၀၀ ၾကားမွာရွိတယ္။”

မတူပီၿမိဳ႕ေပၚမွာေတာ့ စစ္ေကာင္စီတပ္ဖြဲ႕ေတြက တအိမ္တက္ဆင္း အိမ္ေထာင္စုစာရင္း စစ္ေဆးတာေတြ လုပ္ေနတယ္လို႔ မတူပီ ၿမိဳ႕ခံတဦးကေျပာပါတယ္။

“ဧည့္စာရင္းစစ္တာေတာ့ စစ္ၾကတာဟုတ္တယ္။ေန႔ခင္းပိုင္းဆို ၁၀ ေယာက္ေလာက္ လာၿပီးေတာ့မွ လာစစ္ၾကတယ္။ ၿမိဳ႕ေပၚလုံျခံဳေရးကေတာ့ ၾကပ္တယ္။”

မတူပီ-ဟားခါးလမ္းေပၚမွာဇန္နဝါရီ ၃ ရက္ေန႔က တုိက္ပြဲျဖစ္ၿပီးေနာက္ စစ္တပ္ဘက္က အရပ္ဝတ္ေတြနဲ႔ သြားလာလႈပ္႐ွားေနတာ ေတြ႔ရတယ္လို႔CDF မတူပီဘက္ကေျပာၿပီး အရပ္သားျပည္သူေတြအေနနဲ႔ ေတာင္ယာသြားတာ၊ ေတာလိုက္တာ၊ညဘက္ အျပင္ထြက္တာေတြမလုပ္ဖို႔ CDF မတူပီဘက္က တိုက္တြန္း ထားပါတယ္။

ဒီေန႔ တိုက္ပြဲျဖစ္ေနတဲ့ မတူပီဘက္က အေျခအေနကိုေမးႏိုင္ဖို႔စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပ မယ့္ မရခဲ့ပါဘူး။

မတူပီနဲ႔ ဖလမ္းဘက္မွာ တိုက္ပြဲရွိဆဲ
please wait

No media source currently available

0:00 0:02:23 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မတူပီနဲ့ ဖလမ်းဘက်မှာ တိုက်ပွဲရှိဆဲ

ချင်းပြည်နယ်၊ မတူပီမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေကြား ဒီကနေ့ ဇန်နဝါရီလ ၆ ရက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မနက်ကနေ ညနေအထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မတူပီဘက် စစ်ရေး နောက်ဆုံးအခြေအနေအကြောင်းရန်ကုန် ကပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်ထဲက မတူပီမြို့နယ်ဘက်မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ မတူပီ-ဟားခါး လမ်းမကြီးဘေးမှာ စစ်ကောင်စီတပ်တွေဘက်က ချင်းဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ မနက်ပိုင်းကနေညနေ ၅ နာရီလောက် ရောက်တဲ့အထိ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ မတူပီ CDF ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“အခုလောလောဆယ် ကျနော်တို့ မနက် ၉ နာရီပေါ့နော။ကျနော်တို့ မတူပီ-ဟားခါးလမ်းမှာရှိတဲ့ CDF ရှိတဲ့ နေရာကို စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတော့ လောလောဆယ် တိုက်ပွဲက တောက်လျှောက် ပြင်းထန်နေတာပေါ့နော်။ မတူပီ-ဟားခါးလမ်း ကီလုန်းကျေးရွာနားပေါ့နော်၊ အဲဒီကြားမှာပေါ့။ နှစ်ဘက် ထိခိုက်ကျဆုံးတဲ့ စာရင်းတွေတော့ ကျနော်တို့ လောလောဆယ် မသိသေးဘူးခင်ဗျ။”

ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မတူပီ-ပလက်ဝလမ်းပေါ်မှာရှိတဲ့ နေရာတခုနဲ့ မတူပီ-ဟားခါးလမ်းပေါ်က ဖနိုင်နဲ့ ငလိုင် ရွာနှစ်ရွာကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

“၄ ရက်နေ့ကတော့ ကျနော်တို့ မတူပီ-ပလက်ဝမှာရှိတဲ့ဟာနဲ့ မတူပီ-ဟားခါး အဲဒီနှစ်နေ ရာမှာဖြစ်တဲ့ဟာတော့ စကစဘက်က အရာရှိတဦးအပါအဝင် သုံးဦး သေဆုံးတယ်ပေါ့နော်၊ ပြီးတော့ အများအပြား ဒဏ်ရာရတယ်။”

သေဆုံးမှုတွေနဲ့ပတ်သက်လို့တော့ VOA ကသီးခြား အတည်မပြုနိုင်သေးပါဘူး။ ခုလို မတူပီမြို့နယ်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၆ ခုက ရွာသားတွေ စစ်ဘေးလွတ်ရာ ခိုလှုံနေကြရပြီး စစ်ပြေးဒုက္ခ ္ခသည် ၄,၀၀၀ လောက်ရှိနေပြီလို့ ပြောပါတယ်။

“အခုလောလောဆယ် တိုက်ပွဲတောက်လျှောက်ဖြစ်နေတဲ့အတွက်ကျနော်တို့ ကျေးရွာနေ ပြည်သူတွေက တော့လေ စစ်ဘေးရှောင်အနေနဲ့ စစ်ဘေးတိမ်းရှောင်တာတော့ ရှိပါတယ်ဗျာ။ ရွာကတော့ ခန့်မှန်းခြေ အခုလောလောဆယ် ၆ ရွာ၊ ၇ ရွာလောက်တော့ရှိပါတယ်နော်။ လူဦးရေခန့်မှန်းခြေဆိုတာထက် ကျနော်တို့ မတူပီမြို့နယ်အတွင်းမှာ စုစုပေါင်း စစ်ဘေးရှောင်လူဦးရေအားလုံးက ၃,၀၀၀ နဲ့ ၄,၀၀၀ ကြားမှာရှိတယ်။”

မတူပီမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ မတူပီ မြို့ခံတဦးကပြောပါတယ်။

“ဧည့်စာရင်းစစ်တာတော့ စစ်ကြတာဟုတ်တယ်။နေ့ခင်းပိုင်းဆို ၁၀ ယောက်လောက် လာပြီးတော့မှ လာစစ်ကြတယ်။ မြို့ပေါ်လုံခြုံရေးကတော့ ကြပ်တယ်။”

မတူပီ-ဟားခါးလမ်းပေါ်မှာဇန်နဝါရီ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်ဘက်က အရပ်ဝတ်တွေနဲ့ သွားလာလှုပ်ရှားနေတာ တွေ့ရတယ်လို့CDF မတူပီဘက်ကပြောပြီး အရပ်သားပြည်သူတွေအနေနဲ့ တောင်ယာသွားတာ၊ တောလိုက်တာ၊ညဘက် အပြင်ထွက်တာတွေမလုပ်ဖို့ CDF မတူပီဘက်က တိုက်တွန်း ထားပါတယ်။

ဒီနေ့ တိုက်ပွဲဖြစ်နေတဲ့ မတူပီဘက်က အခြေအနေကိုမေးနိုင်ဖို့စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေ မယ့် မရခဲ့ပါဘူး။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #မတူပီ #ဖလမ်း #ဗွီအိုအေမြန်မာပိုင်း

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG