(Zawgyi / Unicode)
ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္း အပါအ၀င္ ၉ ဦးအဖဲြ႔ဟာ ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ နယ္စပ္အနီး ေရေၾကာင္းခရီးမွာ အခုမြန္းလဲြပိုင္းက ေပ်ာက္ဆံုးေနတာေၾကာင့္ တာ၀န္ရွိ အာဏာပိုင္ေတြ အပူတျပင္း ရွာေဖြေနတယ္လို႔ သိရပါတယ္။
အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ရဲ႕ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ၀ွ႔တင္း အပါအ၀င္ အိႏၵိယႏိုင္ငံသားအခ်ိဳ႕၊ စကားျပန္အခ်ိဳ႕နဲ႔ စက္ေလွေမာင္းသူ စုစုေပါင္း ၉ ဦးဟာ ပလက္၀ကေန ေက်ာက္ေတာ္ကို ဒီကေန႔ မနက္ပိုင္း ထြက္လာရာမွာ ခ်င္းနဲ႔ ရခိုင္နယ္စပ္မွာ အခုမြန္းလဲြပိုင္းက ေပ်ာက္ဆံုးသြားတာျဖစ္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫြန္႔က ဗြီအိုေအကို အတည္ျပဳပါတယ္။
အခုေနာက္ဆံုး ညပိုင္း ၈ နာရီေက်ာ္အထိ ရွာေဖြလို႔ မေတြ႔ေသးဘူးလို႔ သိရပါတယ္။ သူတို႔ဟာ စီမံကိန္းတခုကို ၾကည့္႐ႈစစ္ေဆးဖို႔အသြား ေပ်ာက္ဆံုးေနတာျဖစ္တယ္လို႔ သိရပါတယ္။
အခု သူတို႔ေပ်ာက္ဆံုးသြားတဲ့ ေနရာ၀န္းက်င္ဟာ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ လႈပ္ရွားရာေဒသျဖစ္သလို တိုက္ပဲြေတြလည္း မၾကာမၾကာ ျဖစ္ေလ့ရွိတဲ့ေနရာပါ။
---------------------------------
(Unicode)
ချင်းပြည်နယ်အမတ်နဲ့အဖွဲ့ လမ်းခရီးမှာ ပျောက်ဆုံးနေ
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ၉ ဦးအဖွဲ့ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်အနီး ရေကြောင်းခရီးမှာ အခုမွန်းလွဲပိုင်းက ပျောက်ဆုံးနေတာကြောင့် တာဝန်ရှိ အာဏာပိုင်တွေ အပူတပြင်း ရှာဖွေနေတယ်လို့ သိရပါတယ်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယနိုင်ငံသားအချို့၊ စကားပြန်အချို့နဲ့ စက်လှေမောင်းသူ စုစုပေါင်း ၉ ဦးဟာ ပလက်ဝကနေ ကျောက်တော်ကို ဒီကနေ့ မနက်ပိုင်း ထွက်လာရာမှာ ချင်းနဲ့ ရခိုင်နယ်စပ်မှာ အခုမွန်းလွဲပိုင်းက ပျောက်ဆုံးသွားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဗွီအိုအေကို အတည်ပြုပါတယ်။
အခုနောက်ဆုံး ညပိုင်း ၈ နာရီကျော်အထိ ရှာဖွေလို့ မတွေ့သေးဘူးလို့ သိရပါတယ်။ သူတို့ဟာ စီမံကိန်းတခုကို ကြည့်ရှုစစ်ဆေးဖို့အသွား ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။
အခု သူတို့ပျောက်ဆုံးသွားတဲ့ နေရာဝန်းကျင်ဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ လှုပ်ရှားရာဒေသဖြစ်သလို တိုက်ပွဲတွေလည်း မကြာမကြာ ဖြစ်လေ့ရှိတဲ့နေရာပါ။