သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြစ်ဒဏ်ချမှု ကုလသမဂ္ဂ ရှုတ်ချ


တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြစ်ဒဏ်ချမှု ကုလသမဂ္ဂ ရှုတ်ချ
တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြစ်ဒဏ်ချမှု ကုလသမဂ္ဂ ရှုတ်ချ

တရုတ်နိုင်ငံ တရားရုံးတစ်ရုံးက အထင်ကရ အတိုက်အခံ ချန်ရှီ (Chen Xi) ကို နိုင်ငံတော် ပုန်ကန်အောင် လှုံ့ဆော်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် စီရင်ချက် ချမှတ်လိုက်ပါတယ်။

ဂွီကျုံး (Guizhou) ပြည်နယ် ဂွီယန်း (Guiyan) မြို့ တရားရုံးက အကျဉ်းရုံး အပြီးသတ် ကြားနားပြီး ပြစ်ဒဏ်ပေးလိုက်တာပါ။ ချန်ရှီကတော့ သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပေမဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးအောင် အယူခံဝင်မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

တရုတ်နိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေအပေါ် ထောင်ဒဏ်တွေ အပြစ်ပေးနေတာကြောင့် လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နာဗီပီလေးက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ချန်ရှီဟာ ၁၉၈၉ ခုနှစ် တီယန်နင်မင် ရင်ပြင် ဒီမိုကရေစီ အရေးတော်ပုံ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG