သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယမြောက် လေယာဉ်တင် သင်္ဘော တရုတ်တည်ဆောက်


နောက်ဆုံးပေါ်ခေတ်မှီ နည်းပညာတွေ တည်ဆောက်ထားတဲ့ ပထမဆုံး တရုတ် လေယာဉ်တင်သင်္ဘော ( စက်တင်ဘာလ ၂၂၊ ၂၀၁၅)
နောက်ဆုံးပေါ်ခေတ်မှီ နည်းပညာတွေ တည်ဆောက်ထားတဲ့ ပထမဆုံး တရုတ် လေယာဉ်တင်သင်္ဘော ( စက်တင်ဘာလ ၂၂၊ ၂၀၁၅)

တရုတ်နိုင်ငံဟာ သူ့ရေတပ်ကို နောက်ဆုံးပေါ်ခေတ်မှီ နည်းပညာတွေနဲ့ တဟုန်ထိုး ချဲ့ထွင်လာတဲ့အနေနဲ့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောကို စတင် တည်ဆောက်နေပြီလို့ ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

ပြည်တွင်းက နည်ပညာရှင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Dalian မှာ ဒီလေယာဉ်တင်သင်္ဘောကို တည်ဆောက်နေတာလို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Yang Yujun ကပြောပါတယ်။

တရုတ်နိုင်ငံဟာ လေယာဉ်တင်သင်္ဘောတစီးကို တည်ဆောက်နေတယ်လို့ အစောပိုင်းတွေကထွက်ပေါ်ခဲ့တဲ့သတင်းကို တရုတ်နိုင်ငံရဲ့ ဒီကြေညာချက်က အတည်ပြုပေးလိုက်တာပါ။ ကာကွယ်ရေးနဲ့ပါတ်သတ်ပြီး စောင့်ကြည့်လေ့လာမှုတွေ လုပ်နေတဲ့ IHS Janes အဖွဲ့ရဲ့ စက်တင်ဘာတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တရုတ်နိုင်ငံဟာ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောကို တည်ဆောက်နေပြီး ဂြိုလ်တုက ရရှိတဲ့ ဓါတ်ပုံတွေအရ သင်္ဘောရဲ့ ပင်မအစိတ်အပိုင်းဟာ မီတာ ၂၄၀ အရှည်ရှိမယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်တွင်းက ကျွန်းတွေကို သူပိုင်ကိုယ်ပိုင် အငြင်းပွါးမှုမှာပါဝင်တဲ့ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက်တော့ အခုလို လေယာဉ်တင် သင်္ဘော တည်ဆောက်နေတာကြောင့် စိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်။

တရုတ်နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော Liaoning ကိုတော့ ယူကရိန်းနိုင်ငံက ဝယ်ယူခဲ့ပြီး တရုတ်မှာ ပြုပြင်မွမ်းမံခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ အဲဒီသင်္ဘောကို တရုတ်နိုင်ငံရေတပ်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG