သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေဂျင်းမှာ လေထုညစ်ညမ်းမှု ဆက်လက်ဆိုးရွား


ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းနေတဲ့ အခြေအနေ
ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းနေတဲ့ အခြေအနေ

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းတဲ့ အခြေအနေ စိုးရိမ်ရတဲ့ အနီရောင် သတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့ နောက်မှာလည်း မီးခိုးမြူ တွေ ဆက်ပြီး ထူထပ်နေတုန်း ဖြစ်သလို ရှန်ဟိုင်းမြို့မှာလည်း ဒီကနေ့ မီးခိုးမြူ တွေ အကြီးအကျယ် ပိုများလာတာနဲ့ ကြုံနေရပါတယ်။

ဘေဂျင်းမြို့မှာ လေထုညစ်ညမ်းတဲ့ အခြေအနေ ဆိုးရွားနေဆဲ ဖြစ်တာကြောင့် အာဏာပိုင်တွေက ပြီးခဲ့တဲ့ သောကြာနေ့မှာ အနီရောင်အဆင့် သတိပေးချက် ပြန်ထုတ်ပြီးတော့ အင်္ဂါနေ့ည သန်းခေါင်အချိန်အထိ အဲဒီသတိပေးချက် ထုတ်ပြန်ထားတာပါ။ မီးခိုးမြူ အန္တရာယ်တွေ နောက်ထပ်ရှိလာနိုင်တဲ့ အပေါ်မှာ ပြင်ဆင်ထားကြဖို့ ဒေသခံတွေကိုလည်း သတိပေးထားပါတယ်။

လေထုညစ်ညမ်းမှု အန္တရာယ်ကို တိုင်းတာတဲ့ အညွှန်းကိန်း ၂၀၀ ထက်ကျော်ပြီး သုံးရက်ထက်မနည်း လေထုညစ်ညမ်းတဲ့အခါမှာ အနီရောင် သတိပေးချက်ကို ထုတ်ပြန်တာပါ။ လေထုညစ်ညမ်းမှု အညွန်းကိန်း ၃၀၀ ထက်ကျော်တဲ့အဆင့် ဆိုရင်တော့ လူတွေရဲ့ ကျန်းမာရေးအပေါ် ရေရှည်ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် လူတွေကို အိမ်ထဲကနေ အပြင်မထွက်ဖို့ အစိုးရက ညွှန်ကြား ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ လေထုညစ်ညမ်းမှု တိုင်းတာချက် ၃၀၀ ကို ဆိုးဆိုးရွားရွား အန္တရာယ်ရှိတဲ့အဆင့် သတ်မှတ် ထားတာပါ။ ဘေဂျင်းမြို့မှာ သတ်မှတ်ထားတဲ့ အနီရောင် သတိပေးချက်အရ ဆိုရင်တော့ လမ်းပေါ်မှာ ယာဉ်အသွားအလာ ထက်ဝက် လျှော့ချရပါတယ်။ စုံ နဲ့ မ လိုင်စင်နံပါတ် ရှိတဲ့ကားတွေ တလှည့်စီ မောင်းနှင်ရပါတယ်။ ကျောင်းတွေနဲ့ ဆောက်လုပ် ရေး လုပ်ငန်းတွေကိုလည်း ပိတ်ထားရပါတယ်။

XS
SM
MD
LG