သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဦးဆုံး တရုတ် လေယာဉ်တင်သင်္ဘော စမ်းသပ်မောင်းနှင်


ပထမဦးဆုံး တရုတ် လေယာဉ်တင်သင်္ဘော စမ်းသပ်မောင်းနှင်
ပထမဦးဆုံး တရုတ် လေယာဉ်တင်သင်္ဘော စမ်းသပ်မောင်းနှင်

တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး လေယာဉ်တင် သင်္ဘောဟာ ပင်လယ်ပြင်ကို စမ်းသပ်ခုတ်မောင်းဖို့ ဒါလျှန်းဆိပ်ကမ်းကနေ ဒီကနေ့ပဲ ထွက်ခွာခဲ့ပါတယ်။

ဒါဟာ တရုတ်ပြည်သူတွေရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာ တက်စေမယ့် လုပ်ရပ်တခု ဖြစ်ပေမဲ့လည်း အိမ်နီးချင်းတိုင်းပြည် တော်တော်များများ အတွက်ကတော့ စိုးရိမ်ပူပန်စရာပါ။

အဲဒီ လေယာဉ်တင် သင်္ဘောဟာ ယူကရိန်းနိုင်ငံက သင်္ဘောကို ပြန်ပြုပြင်ထားတာပါ။ ဒီသင်္ဘော ဘယ်နေ့ ပင်လယ်ကို ထွက်မလဲဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ သီတင်းပတ်တွေနဲ့ ချီပြီး ပေါ်ပေါက်ခဲ့တာ အခုတော့ အဆုံးသတ်သွားပါပြီ။

တရုတ် ကာကွယ်ရေး ဝန်ကြီးကတော့ စမ်းသပ် ပြုပြင်မှုတွေ ပြီးရင် မကြာခင်မှာပဲ ဆိပ်ကမ်းကို ပြန်လာမယ်လို့ ဆိုပါတယ်။ ဒီသင်္ဘောကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အရာရှိတွေက သိုသိုသိပ်သိပ်ပဲ နေခဲ့ကြတာပါ။

ပြောနေကြတာကတော့ ဒီသင်္ဘောကို သိပ္ပံဆိုင်ရာ သုတေသန စမ်းသပ်ချက်တွေနဲ့ သင်တန်းပေးတဲ့ ကိစ္စတွေမှာ အသုံးပြုမှာလို့ ဆိုကြပါတယ်။ ဒါပေမဲ့လည်း ဒီ လေယာဉ်တင် သင်္ဘောဟာ တရုတ်နိုင်ငံ စစ်အင်အား တိုးမြင့်လာမှုရဲ့ လက္ခဏာတခုဖြစ်ပြီး တရုတ်ပြည်ရဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ ကြုံနေတဲ့ တချိန်တည်းမှာလည်း ဖြစ်နေပါတယ်။

XS
SM
MD
LG