သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ဒုတိယသက်တမ်းနဲ့ နိုင်ငံ တကာအမြင်


အမေရိကန်နိုင်ငံမှာ သမ္မတ Barack Obama က သူ့ရဲ့ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းကို စတင်လိုက်ချိန်မှာပဲ၊ တရုတ်အစိုးရက တရုတ်- အမေရိကန် ၂ နိုင်ငံဆက်ဆံရေးဟာ သတိကြီးကြီး ထားရတဲ့ ကောင်းမွန်မှုမျိုး ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

တရုတ် အမေရိကန်ဆက်ဆန်ရေး ခိုင်မြဲလာစေဖို့ အတွက် အတားအဆီးဖြစ်နေတဲ့ အဓိကအချက်ဟာ မဟာဗျူဟာဆိုင်ရာ ယုံကြည်မှုမရတဲ့ အချက်လို့ တရုတ်အစိုးရရဲ့ တနင်္လာနေ့ထုတ် ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟုန်းလီ (Hong Lei) ကတော့ ၂ နိုင်ငံ စလုံးရဲ့ အခြေခံအကျိုးအမြတ်တွေနဲ့ ပါတ်သက်တဲ့ ဆက်ဆန်ရေးဟာ ကောင်းမွန်ပြီး တည်ငြိမ်မှုရှိတယ်လို့ဆိုပါတယ်။ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ ကမ္ဘာမှာ စီးပွါးရေးနယ်ပယ်ကြီး ၂ခုကို ထိမ်းချုပ်ထား ပေမယ့် ကုန်သွယ်မှုဆိုင်ရာနဲ့ ငွေကြေးသတ်မှတ်မှုဆိုင်ရာတွေနဲ့ အတူ ပစိဖိတ်အနောက်ခြမ်းမှာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ ပြဿနာတွေနဲ့ ပါတ်သက်ပြီး မကြာခဏ အခြေအတင်ဖြစ်နေကြတာပါ။

သမ္မတ Barack Obama ဒုတိယအကြိမ် သမ္မတ သက်တမ်းကို ဆက်ထမ်းဆောင်ချိန်မှာ တချို့နိုင်ငံတွေကလည်း မျှော်လင့်ချက်တွေ ထားနေကြပါတယ်။ အာဖဂန်နစ်စတန် နိုင်ငံသားတွေကတော့ မစ္စတာအိုဘားမားကို သူတို့နိုင်ငံမှာ ငြိမ်းချမ်းရေး အစပျိုးလာအောင် ဦးစားပေး လုပ်ဆောင် စေချင်သလို သူတို့နိုင်ငံမှာ ရေရှည်တည်မြဲမယ့် အခြေခံ အဆောက်အအုံတွေ အတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး၊ ၂၀၁၄ ခုနှစ် အမေရိကန်တပ်တွေ အာဖဂန်နစ်စတန် ကနေ ဆုတ်ခွါသွားတဲ့ နောက်ပိုင်း နိုင်ငံတွင်း လုံခြုံရေးအတွက် လိုအပ်နေတာတွေကို ကူညီစေချင်ကြောင်း အာဖဂန်နစ်စတန် ဒေသခံတဦးက VOA ရဲ့ Ashna ရုပ်သံကိုပြောပါတယ်။

အာဖရိကသမဂ္ဂရဲ့ ဒုဥက္ကဌ ကတော့ အခုအခါမှာ မစ္စတာအိုဘားမား သမ္မတအဖြစ် ဒုတိယ ၄နှစ် သက်တမ်းကို ဆက်လက်ထမ်းဆောင် နေစဉ်အတွင်း ထူးထူးခြားခြား ဘာမှမျှော်လင့်မထားပေမယ့် စီးပွါးရေး ကြီးထွားမှုရလာစေဖို့တော့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG