သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် နျူကလီးယား လုံခြုံရေး ပူးတွဲဌာနဖွင့်


နျူကလီးယား ဘေးကင်းလုံခြုံရေးဆိုင်ရာ တရုတ်-အမေရိကန် ပူးတွဲဌာန ဖွင့်ပွဲအခမ်းအနားကို အမေရိကန် စွမ်းအင်ဝန်ကြီး Ernest Moniz နဲ့ တရုတ် နျူကလီးယားအေဂျင်စီအကြီးအကဲ Xu Dazhe တို့ တက်ရောက်။ (မတ်လ ၁၈၊ ၂၀၁၆)
နျူကလီးယား ဘေးကင်းလုံခြုံရေးဆိုင်ရာ တရုတ်-အမေရိကန် ပူးတွဲဌာန ဖွင့်ပွဲအခမ်းအနားကို အမေရိကန် စွမ်းအင်ဝန်ကြီး Ernest Moniz နဲ့ တရုတ် နျူကလီးယားအေဂျင်စီအကြီးအကဲ Xu Dazhe တို့ တက်ရောက်။ (မတ်လ ၁၈၊ ၂၀၁၆)

နျူကလီးယား ဘေးကင်းလုံခြုံရေးဆိုင်ရာ တရုတ်-အမေရိကန် ပူးတွဲဌာနကို ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ဖွင့်လှစ်လိုက်ပါတယ်။ နျူကလီးယားဆိုင်ရာ ပစ္စည်းတွေကို ဘေးအန္တရာယ်ကင်းကင်း ကိုင်တွယ်ရေးနဲ့ နျူကလီးယား ဆိုင်ရာ နေရာဌာနတွေကို အကြမ်း ဖက်ဝါဒီတွေ တိုက်ခိုက်တာကနေ ကာကွယ်ရေးဆိုင်ရာ သင်တန်းတွေပေးဖို့ ရည်ရွယ်ဖွင့်လှစ်တာပါ။

ဖွင့်ပွဲအခမ်းအနားကို အမေရိကန် စွမ်းအင်ဝန်ကြီး Ernest Moniz နဲ့ တရုတ် နျူကလီးယားအေဂျင်စီအကြီးအကဲ Xu Dazhe တို့ တက်ရောက်ပါတယ်။

နျူကလီးယား ဘေးကင်းလုံခြုံရေးပိုင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲလုပ်ဆောင်တဲ့အတွက်ရော၊ အရေးကြီးတဲ့အဆင့် တွေကို လုပ်ဆောင်တဲ့အတွက်ပါ ဝန်ကြီး Moniz က တရုတ်ကို ချီးကျူးပြောဆိုပါတယ်။ ဒါပေမဲ့ နျူကလီးယား စွန့်ပစ်ပစ္စည်းတွေ ကို နျူကလီးယားလက်နက်တွေ ထုတ်လုပ်လို့ရနိုင်တဲ့ ပလူတိုနီယမ်အဖြစ် သန့်စင်ပြောင်းလဲမယ့် တရုတ်ရဲ့အစီအစဉ်အပေါ် စိုးရိမ်တဲ့အကြောင်း ဝန်ကြီး Moniz ကပြောပါတယ်။

ပလူတိုနီယမ် ပြန်လည်သန့်စင်တာဟာ စီးပွားရေးပိုင်း ရည်ရွယ်ချက်သက်သက်ဖြစ်တယ်လို့ တရုတ်က အခိုင်အမာ ပြောပါတယ်။

နျူကလီးယားဘေးကင်းလုံခြုံရေး အားဖြည့်လုပ်ဆောင်ဖို့ တရုတ်ရဲ့ သန္နိဋ္ဌာန်နဲ့ တရုတ်ရဲ့ နျူကလီးယား ဘေးကင်းလုံခြုံရေး ဆိုင်ရာ နည်းပညာအဆင့်ကို အခုဖွင့်လိုက်တဲ့ဌာနက ကိုယ်စားပြု ဖော်ပြနေတယ်လို့ တရုတ် အနုမြူစွမ်းအင်ဆိုင်ရာအကြီးအကဲ မစ္စတာ Xu ကပြောပါတယ်။

XS
SM
MD
LG