သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာ ပြည်တွင်းဖြစ် ကိုဗစ်သောက်ဆေးအသစ် ၂ မျိုး ထုတ်ခွင့်ပြု


ရောဂါသိပ်မပြင်းထန်တဲ့ ကိုဗစ်-19 ဝေဒနာရှင်တွေအတွက် ပြည်တွင်းဖြစ် သောက်ဆေးနှစ်မျိုးကို ထုတ်လုပ်ခွင့်ပြုလိုက်ကြောင်း တရုတ်အမျိုးသား ဆေးဝါးထုတ်လုပ်ကွပ်ကဲမှုဌာနက ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကြေညာပါတယ်။

ရောဂါမပြင်းထန်သူနဲ့ အနည်းငယ် ပြင်းထန်သူတွေအတွက် ရည်ရွယ်ပြီး ဒီသောက်ဆေးနှစ်မျိုးကို ဟောင်ကောင်အခြေစိုက် Simcere Pharmaceutical ကုမ္ပဏီနဲ့ Shanghai Junshi Biosciences ကုမ္ပဏီ လိမိတက်တို့က ထုတ်လုပ်ခဲ့တာလို့ ဆေးဝါးထုတ်လုပ်ကွပ်ကဲမှုဌာနက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ပြဌာန်းထားတဲ့ ကိုဗစ်လုံးဝကင်းစင်ရေး - Zero Covid မူဝါဒကို မြို့တော်ဘေဂျင်းအပါအဝင် နိုင်ငံတဝန်းက မြို့ကြီးအတော်တော်များများမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် တရုတ်အစိုးရက ဒီဇင်ဘာလဆန်းပိုင်းမှာ ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အများပြည်သူတွေ ခရီးသွားလာခွင့် ကန့်သတ်ထားတာကိုပါ ရုတ်သိမ်းပြီး လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့တာကြောင့် နိုင်ငံတဝန်း ကိုဗစ် ကူးစက်၊ သေဆုံးမှုတွေလည်း အရှိန်မြင့် ဖြစ်ပေါ်ခဲ့ပါတယ်။

တရုတ်အစိုးရက ကိုဗစ် ကူးစက်၊ သေဆုံးတဲ့ စာရင်းအတိအကျကို ထုတ်ပြန်ခြင်း မရှိပေမယ့် နိုင်ငံတကာ သတင်းမီဒီယာတွေမှာတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ အခုလ အစောပိုင်း ကာလတွေမှာ ကိုဗစ်ကြောင့် သေဆုံးသူ အနည်းဆုံး သောင်းဂဏန်းနဲ့ချီပြီး ရှိခဲ့တယ်လို့ ခန့်မှန်းရေးသားကြပါတယ်။

===== Unicode =====





XS
SM
MD
LG