သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အာရပ်နွေဦး" လှုပ်ရှားမှုမျိုး တရုတ်မှာ ဖြစ်လာနိုင်


"အာရပ်နွေဦး" လှုပ်ရှားမှုမျိုး တရုတ်မှာ ဖြစ်လာနိုင်
"အာရပ်နွေဦး" လှုပ်ရှားမှုမျိုး တရုတ်မှာ ဖြစ်လာနိုင်

အာရပ်နွေဦး လို ဒီမိုကရေစီအရေး လှုပ်ရှားမှုမျိုး တရုတ်နိုင်ငံမှာလည်း ဖြစ်လာလိမ့်မယ်လို့ တချိန်က အမေရိကန် သမ္မတလောင်း အဖြစ် ဝင်အရွေးခံဖူးတဲ့ အမေရိကန် အထက်လွှတ်တော်အမတ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ အဆင့်မြင့် လုံခြုံရေးဆိုင်ရာ ညီလာခံအတွင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zhang Zhijun ကို အာရီဇိုးနား ပြည်နယ်က ရီပါဘလီကန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း က စနေနေ့မှာ အဲဒီလို ပြောကြားလိုက်တာပါ။

တရုတ်နိုင်ငံ တိဘက်ဒေသမှာ ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေသွားကြတဲ့ သံဃာတွေရဲ့ အသံတွေကို တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုမှ ထိန်းချုပ်ထားလို့ ရနိုင်မှာမဟုတ်ဘူးလို့ လက်ကိုင် မိုဘိုင်းဖုန်းကို လက်ညိုးထိုးပြီး ဂျွန်မက်ကိန်း က ပြောကြားလိုက်တာပါ။

တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ်အစိုးရရဲ့ လှုပ်ရှားမှုတွေအပေါ် စိုးရိမ် ပူပန်ကြောင်းလည်း မက်ကိန်းက ပြောပါတယ်။ လောင်စာဆီနဲ့ သဘာ၀ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ အဲဒီ တောင်တရုတ် ပင်လယ်ပြင်အတွင်းက ကျွန်းစုတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဒေသတွင်း နိုင်ငံတချို့နဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာမှာ တရုတ်တို့က အဲဒီကျွန်းစုတွေကို သူတို့ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာပါ။

တရုတ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ပိုပြီး တာဝန်ရှိလာတဲ့အကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zhang Zhijun က ညီလာခံအတွင်း ပြောကြားလိုက်ပါတယ်။ အခြေအနေတွေ လက်ရှိထက် ပိုဆိုးလာအောင် တရုတ်တို့ဘက်က လုပ်စရာ အကြောင်းမရှိပါဘူးလို့ သူက ပြောပါတယ်။

XS
SM
MD
LG