သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမှာ တရုတ်လက်နက်တင်ပို့မှု (၂) ဆနီးပါးတိုး


တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ် ၇၀ ပြည့် အခမ်းအနားမှာ အမြောက်ပစ်ဖောက်နေစဉ်။
တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ် ၇၀ ပြည့် အခမ်းအနားမှာ အမြောက်ပစ်ဖောက်နေစဉ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့လက်နက်ထုတ်လုပ်တဲ့ အဓိကနိုင်ငံဖြစ်လာနေတာနဲ့ တချိန်တည်း ပြည်ပကို လက်နက်တင်ပို့မှုလည်း ၅ နှစ်အတွင်း ၂ ဆ တိုးမြင့် လာကြောင်း သုတေသနအဖွဲ့တခုက ပြောပါတယ်။

တရုတ်နိုင်ငံက အဓိကလက်နက်တင်ပို့မှုဟာ ၂၀၁၁ ကနေ ၂၀၁၅ အတွင်း ၈၈ % တိုးလာကြောင်း Stockholm အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့ရဲ့ အကြီးတန်း သုတေသီ Siemon Wezeman က - တရုတ်နိုင်ငံဟာ လက်နက်တင်ပို့တာကို စိတ်အားထက်ထက်သန်သန်နဲ့ လုပ်နေ ကြောင်းနဲ့ တရုတ်နဲ့ နှစ်ရှည်လများ ရင်းရင်းနှီးနှီး ရှိခဲ့တဲ့ တိုင်းပြည်တွေဆီကို လက်နက်အများအပြားတင်ပို့နေကြောင်းနဲ့ လက်နက်ဖြည့်တင်းဖို့ အားပေး အားမြှောက်လုပ်နေတဲ့ မဟာဗျူဟာတွေလည်း ရှိတဲ့အကြောင်း ပြောပါတယ်။ သူ ဥပမာပေး ထောက်ပြတဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပါဝင်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လက်နက်တင်ပို့မှု အများဆုံး နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန် နဲ့ ရုရှားပြီးရင် တတိယလိုက်တာဖြစ်ပြီး ၂၀၁၁ ကနေ ၂၀၁၅ အတွင်း လက်နက်တင်ပို့မှု ၆ % နီးပါးရှိတာ ဖြစ်ပါတယ်။

XS
SM
MD
LG