သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် လုံခြုံရေး အကြီးအကဲဟောင်းကို အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲ


တရုတ် လုံခြုံရေး အကြီးအကဲဟောင်း- Zhou Yongkang။
တရုတ် လုံခြုံရေး အကြီးအကဲဟောင်း- Zhou Yongkang။

တရုတ်နိုင်ငံအမျိုးသား လုံခြုံရေး အကြီးအကဲဟောင်း Zhou Yong kang ကို လျို့ဝှက်ချက် ပေါက်ကြားမှုနဲ့ လာဘ်စားမှုအတွက် စွဲချက်တင်ထားပါတယ်။ အခုအခါမှာ သူ့ကို ကွန်မြူနစ်ပါတီဝင်အဖြစ်ကနေလည်း ရပ်စဲပြီး ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ဆယ်စုနှစ် သုံးစုအတွင်း ရာထူးအမြင့်ဆုံးသူတဦးဖြစ်တဲ့ Zhou အပေါ် စွဲချက်တင်ထားတယ်လို့ တရုတ်သတင်းဌာန Xinhua မှာဖေါ်ပြထားပါတယ်။

လာဘ်စားမှုကို နှိမ်နင်းနေတဲ့ အခုလို ကာလမှာ Zhou ကို စွဲချက်တင်လိုက်တာဟာ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဆိုတဲ့ သမ္မတ Xi Jinping ကတိအတိုင်း နမူနာပြ လုပ်ဆောင်မှုအဖြစ်လည်း ရှုမြင်ကြတာပါ။ Zhou ဟာ တရုတ် ကွန်မြုနစ်ပါတီရဲ့ ပေါလစ်ဗျူရိုအဖွဲ့ဝင် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ပြီး ဒီအဖွဲ့ကပဲ သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ဆင်ဟွာက ဆိုပါတယ်။

တရုတ်တရားရေးအာဏာပိုင်တွေက Zhou အပေါ် ရာဇဝတ်မှုတွေနဲ့ စွဲချက်တင် ထားပါတယ်။ သူ့ရဲ့ရာထူးအာဏာကိုသုံးပြီး ဆွေမျိုးတစုကောင်းစားရေးနဲ့ အိမ်ထောင်ရေးဖေါက်ပြန်မှုတွေကို ကျူးလွန်ခဲ့တဲ့အပြင် နိုင်ငံပိုင်အမြတ်အစွန်းတွေကို ထိခိုက်စေတဲ့ လုပ်ငန်းအများအပြားကိုလည်း သူ့အပေါင်းအသင်းတွေကို လုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့ ဒီကနေ့အစောပိုင်းက ထုတ်ပြန်တဲ့ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG