သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာရွအားကစားၿပိဳင္ပြဲမွာ ၾသစေၾတးလ် ဝင္ၿပိဳင္မည္မဟုတ္


အာရွအားကစားၿပိဳင္ပြဲ လက္ခံက်င္းပမယ့္ တ႐ုတ္ႏုိင္ငံ Hangzhou ၿမိဳ႕က အားကစားကြင္းႀကီး။ (ဧၿပီ ၁၊ ၂၀၂၂)

(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံ၊ Hangzhou ၿမိဳ႕မွာ က်င္းပမယ့္ အာရွအားကစားၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ဖို႔ သူ႔ႏိုင္ငံက အားကစားသမားေတြကို ေစလႊတ္မွာမဟုတ္ဘူးလို႔ ၾသစေၾတးလ်က ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

အိုလံပစ္အားကစားပြဲေတာ္နီးပါး ႀကီးမားတဲ့ ဒီ အာရွအားကစားၿပိဳင္ပြဲကို လတ္တေလာ ကိုဗစ္ေရာဂါကူးစက္မႈေတြ အႀကီးအက်ယ္ ျဖစ္ေပၚေနတဲ့ ရွန္ဟိုင္းၿမိဳ႕နဲ႔ ကီလိုမီတာ ၂၀၀ ေလာက္သာေဝးတဲ့ Hangzhou ၿမိဳ႕မွာ လာမယ့္ စက္တင္ဘာလ ၁၀ ရက္ကေန ၂၅ ရက္ေန႔အထိ က်င္းပမွာ ျဖစ္ပါတယ္။

အားကစားက႑ အမ်ားအျပား ယွဥ္ၿပိဳင္ၾကမယ့္ ဒီ အာရွအားကစားပြဲေတာ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကဖို႔ အားကစားသမား ၃၀၀ နဲ႔ ဝန္ထမ္း ၁၅၀ ေစလႊတ္ေပးဖို႔ အာရွ အိုလံပစ္ေကာင္စီက Oceania ကၽြန္းႏိုင္ငံေတြကို ေတာင္းဆိုထားတာပါ။ ဒီပြဲအတြက္ ၾသစေၾတးလ်က အားကစားသမားေတြကို ေစလႊတ္မွာမဟုတ္ဘူးလို႔ ၾသစေၾတးလ် အိုလံပစ္ေကာ္မတီက AFP သတင္းဌာနကို စာေရး အသိေပးခဲ့တယ္လို႔ ဆိုပါတယ္။

ေဖေဖာ္ဝါရီလတုန္းက ေဘဂ်င္းၿမိဳ႕မွာ က်င္းပခဲ့တဲ့ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္က ကိုဗစ္ထိန္းခ်ဳပ္ေရးဆိုင္ရာ နည္းလမ္းေတြအေပၚ အေျခခံၿပီး သူတို႔အေနနဲ႔ ေရာဂါပိုး မျပန္႔ပြားေရးအတြက္ ေဆာင္ရြက္ေနတယ္လို႔ Hangzhou အာရွအားကစားၿပိဳင္ပြဲ ဦးေဆာင္က်င္းပသူေတြက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ကိုဗစ္ လုံးဝမျပန္႔ပြားေရး မူဝါဒေတြကို ဆက္လက္က်င့္သုံးေနမယ္ဆိုရင္ အားကစားပြဲကို ဘယ္လိုပုံစံနဲ႔ က်င္းပမယ္ဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ Hangzhou အာရွအားကစားၿပိဳင္ပြဲ က်င္းပသူေတြဘက္က ထုတ္ျပန္ျခင္း မရွိပါဘူး။

အာရွအားကစားၿပိဳင္ပြဲေတြကို ေဘဂ်င္းၿမိဳ႕မွာ ၁၉၉၀ ခုႏွစ္၊ Guangzhou ၿမိဳ႕မွာ ၂၀၁၀ ခုႏွစ္တို႔မွာ ၂ ႀကိမ္ က်င္းပခဲ့ၿပီး ျဖစ္တာေၾကာင့္ အခုတႀကိမ္ Hangzhou ၿမိဳ႕မွာ က်င္းပရင္ တ႐ုတ္ႏိုင္ငံအေနနဲ႔ ဒီအားကစားပြဲကို ၃ ႀကိမ္ေျမာက္ လက္ခံက်င္းပမွာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အာရှအားကစားပြိုင်ပွဲမှာ သြစတြေးလျ ဝင်ပြိုင်မည်မဟုတ်

တရုတ်နိုင်ငံ၊ Hangzhou မြို့မှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ သူ့နိုင်ငံက အားကစားသမားတွေကို စေလွှတ်မှာမဟုတ်ဘူးလို့ သြစတြေးလျက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အိုလံပစ်အားကစားပွဲတော်နီးပါး ကြီးမားတဲ့ ဒီ အာရှအားကစားပြိုင်ပွဲကို လတ်တလော ကိုဗစ်ရောဂါကူးစက်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ ရှန်ဟိုင်းမြို့နဲ့ ကီလိုမီတာ ၂၀၀ လောက်သာဝေးတဲ့ Hangzhou မြို့မှာ လာမယ့် စက်တင်ဘာလ ၁၀ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

အားကစားကဏ္ဍ အများအပြား ယှဉ်ပြိုင်ကြမယ့် ဒီ အာရှအားကစားပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ အားကစားသမား ၃၀၀ နဲ့ ဝန်ထမ်း ၁၅၀ စေလွှတ်ပေးဖို့ အာရှ အိုလံပစ်ကောင်စီက Oceania ကျွန်းနိုင်ငံတွေကို တောင်းဆိုထားတာပါ။ ဒီပွဲအတွက် သြစတြေးလျက အားကစားသမားတွေကို စေလွှတ်မှာမဟုတ်ဘူးလို့ သြစတြေးလျ အိုလံပစ်ကော်မတီက AFP သတင်းဌာနကို စာရေး အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလတုန်းက ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော်က ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာ နည်းလမ်းတွေအပေါ် အခြေခံပြီး သူတို့အနေနဲ့ ရောဂါပိုး မပြန့်ပွားရေးအတွက် ဆောင်ရွက်နေတယ်လို့ Hangzhou အာရှအားကစားပြိုင်ပွဲ ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ် လုံးဝမပြန့်ပွားရေး မူဝါဒတွေကို ဆက်လက်ကျင့်သုံးနေမယ်ဆိုရင် အားကစားပွဲကို ဘယ်လိုပုံစံနဲ့ ကျင်းပမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ Hangzhou အာရှအားကစားပြိုင်ပွဲ ကျင်းပသူတွေဘက်က ထုတ်ပြန်ခြင်း မရှိပါဘူး။

အာရှအားကစားပြိုင်ပွဲတွေကို ဘေဂျင်းမြို့မှာ ၁၉၉၀ ခုနှစ်၊ Guangzhou မြို့မှာ ၂၀၁၀ ခုနှစ်တို့မှာ ၂ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်တာကြောင့် အခုတကြိမ် Hangzhou မြို့မှာ ကျင်းပရင် တရုတ်နိုင်ငံအနေနဲ့ ဒီအားကစားပွဲကို ၃ ကြိမ်မြောက် လက်ခံကျင်းပမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG