သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် သြစတေးလျှ လွတ်လပ်စွာကုန်သွယ်မှု သဘောတူလက်မှတ်ထိုး


တရုတ်သမ္မတ Xi Jinping (ဝဲ) သြစတြေးလျဝန်ကြီးချုပ် Tony Abbott တို့ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် လက်မှတ်ထိုးပွဲမှာ တွေ့ရစဉ်။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)
တရုတ်သမ္မတ Xi Jinping (ဝဲ) သြစတြေးလျဝန်ကြီးချုပ် Tony Abbott တို့ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် လက်မှတ်ထိုးပွဲမှာ တွေ့ရစဉ်။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)

တရုတ်နဲ့ Australia နိုင်ငံတို့ဟာ ဆယ်စုနှစ်တခုကြာ ညှိနှိုင်းမှုတွေလုပ်ဆောင်နေပြီးတဲ့နောက်မှာ နှစ်နိုင်ငံကြား ထူးခြားတဲ့မှတ်တိုင်တခုအဖြစ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုတခုနဲ့ သတ်ဆိုင်တဲ့ သဘောထားကြေညာချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

Canberra မြို့တော်မှာ ကျင်းပတဲ့ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို Australia ဝန်ကြီးချုပ် Tony Abbot နဲ့ အဲဒီကိုရောက်နေတဲ့ တရုတ်သမ္မတ Xi Jinping တို့ သက်သေအဖြစ်ရှိနေခဲ့ကြပါတယ်။ ဒီသဘောတူညီမှုအရ Australia က ပို့ကုန်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် တရုတ်ဈေးကွက်ကို ဖွင့်ပေးမှာဖြစ်ပြီး Australia ကလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ကန့်သတ်ချက်တွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ Australia က တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံတာမှန်သမျှကို ဖယ်ရှားပေးမှာဖြစ်ပြီး အမဲသားနဲ့သိုးသား တင်ပို့မှုအခွန်ကိုလည်း ဖြုတ်ပေးမှာပါ။

ဒီသဘောတူညီချက်ကြောင့် Australia ဘဏ်တွေ၊ အာမခံလုပ်ငန်းတွေနဲ့ တက္ကသိုလ်တွေအတွက် တရုတ်နိုင်ငံမှာ လုပ်ရကိုင်ရလွယ်ကူမှာ ဖြစ်ပါတယ်။ ဒီလိုလက်မှတ်မရေးထိုးခင်မှာတော့ တရုတ်သမ္မတက ၂၀၂၀ ခုနှစ်မှာ သူ့နိုင်ငံရဲ့ဝင်ငွေ ၂ ဆ တိုးဖို့နဲ့ ခေတ်မီတဲ့ ဆိုရှယ်လစ်နိုင်ငံတော် ထူထောင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ Australia လွှတ်တော်မှာ မိန့်ခွန်းပြောသွားတာပါ။

တရုတ်အစိုးရက ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ သံန္နိဌာန်ချထားတယ်လို့လည်း ပြောပါတယ်။ သူ့မိန့်ခွန်းအဆုံးမှာတော့ သမ္မတကို မတ်တပ်ရပ်ပြီး ဂုဏ်ပြုကြတာပါ။ ဝေဖန်သူတွေကတော့ ဒီ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ကြောင့် သြစတေးလျှမှာ စားသောက်ကုန်ဈေးတွေ တက်လာနိုင်တယ်လို့ ပြောကြပါတယ်။

XS
SM
MD
LG