သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ တရုတ်-ဘင်္ဂလားဒေရှ့်ဆွေးနွေး


Rohingya refugees

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာဖြေရှင်းရေးအတွက် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ တရုတ် ထိပ်တန်း သံတမန်က ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ရောက်နေတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံ ပြန်ပို့ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ကြား သဘောတူနိုင်ခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ဝမ်းသာ တယ်လို့ ဘေဂျင်းကိုရောက်နေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဌာန အတွင်းဝန် Shahidul Haque နဲ့ သောကြာနေ့က တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

သမိုင်းကြောင်းအရ ရှုပ်ထွေးတဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့နဲ့ နောက်ထပ် ဒုက္ခသည်တွေပြန်ပို့နိုင်ဖို့ အောက်တိုဘာ ၃၀ ရက်နေ့က ရခဲ့တဲ့သဘောတူညီမှုဟာ အစကောင်းဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ ပါတယ်။ ရိုဟင်ဂျာပြဿနာကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား ပါးပါးနပ်နပ်ကိုင်တွယ်နိုင်မယ်လို့ တရုတ်က ယုံကြည်ထားပြီး လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို တရုတ်က ဆက်ပေးသွားမယ်လို့ ဝန်ကြီး Wang Yi ကပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးအတွင်းဝန် Haque ကလည်း မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို အချိန်မဆွဲဘဲ ပြန်လက်ခံသင့်တယ်လို့ အလေးထားပြောပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် မြန်မာနိုင်ငံဘက် အမြန်ဆုံး ပြန်နိုင်ရေးအတွက် သင့်တော်တဲ့အခြေအနေ မြန်မာနိုင်ငံဘက်က ဖန်တီးဖို့ တရုတ်ကအစွမ်းကုန် အားပေးဖို့လည်း နိုင်ငံခြားရေးအတွင်းဝန် Haque က တရုတ်နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းခဲ့ပါတယ်။

နိုဝင်ဘာလလယ်ကစပြီး ဒုက္ခသည်တွေကို စတင်ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်တို့ အောက်တိုဘာ ၃၀ ရက်နေ့က သဘောတူခဲ့ကြပါတယ်။ ကုလသမဂ္ဂနဲ့ ဒုက္ခသည်အရေးဆောင်ရွက်နေကြတဲ့ အဖွဲ့တွေကတော့ မြန်မာနိုင်ငံဖက်က အခြေအနေကြောင့် ဒုက္ခသည်တွေပြန်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောပြီး ပြန်ပို့ရေးကိစ္စ ဆိုင်းထားဖို့ တောင်းဆိုနေကြပါတယ်။

ရိုဟင်ဂျာပြဿနာ တရုတ်-ဘင်္ဂလားဒေရှ့်ဆွေးနွေး
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG