သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်မှာ ပထမဆုံး ပုဂ္ဂလိကဘဏ်တွေ ဖွင့်ခွင့်ရ


တရုတ်နိုင်ငံမှာ ဘဏ်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲဖို့နဲ့ ဖွင့်ပေးဖို့ အားထုတ်တဲ့အနေနဲ့ ပထမဆုံး ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံထဲမှာ လုပ်ငန်း လုပ်ခွင့်ပေးမယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။

အစမ်းစီမံကိန်းအဖြစ် အနီးကပ် စောင့်ကြည့်မှုအောက်မှာ ရင်းနှီးမြှုပ်နှံသူတွေကို ဘဏ် ၅ ခုအထိကို ဖွင့်ခွင့်ပေးမယ်လို့ တရုတ်ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးကော်မရှင်က အင်္ဂါနေ့က ကြေညာပါတယ်။

နိုင်ငံထဲမှာ အကြီးအကျယ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ လုပ်မယ်လို့ တရုတ်ကွန်မြူနစ်ပါတီက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကြေညာခဲ့ပြီးနောက်မှာ အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အစိုးရပိုင် အဓိက ဘဏ်ကြီး ၅ ခုက ဘဏ္ဍာရေးလုပ်ငန်းတွေမှာ လက်ဝါးကြီး အုပ်ထားလွန်းတာကြောင့် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်လို့ ဘဏ္ဍာရေးရာ ကျွမ်းကျင်သူ Gong Shengli က ဗွီအိုအေ Mandarin ဌာနကို ပြောပါတယ်။

လက်ရှိ တရုတ်နိုင်ငံမှာ ဘဏ်တွေအားလုံးဟာ အစိုးရပိုင်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရ enterprise လုပ်ငန်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ အကြွေးတွေပေး၊ မကြာခဏဆိုသလို သေသေချာချာ မစိစစ်ဘဲ ငွေတွေ ထုတ်ချေးနေတာကြောင့် ပုဂ္ဂလိကလုပ်ငန်းတွေအတွက် ငွေထုတ်ချေးစရာ မကျန်အောင် ဖြစ်နေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
XS
SM
MD
LG