သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရောဂါကူးစက်မှု အန္တရာယ်ကြောင့် ပြည်ပက အသားတင်သွင်းမှုတွေ တရုတ်နိုင်ငံကန့်သတ်​​​​​​​


တရုတ်နိုင်ငံအနောက်တောင်ပိုင်း Guizhou ခရိုင်ထဲက အသားစားတိရစ္ဆာန်ဈေးရဲ့ယခင်မှတ်တမ်းဓာတ်ပုံ။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း Guizhou ခရိုင်ထဲက အသားစားတိရစ္ဆာန်ဈေးရဲ့ယခင်မှတ်တမ်းဓာတ်ပုံ။

သိုးနဲ့ဆိတ် ကျောက်ရောဂါ၊ ခွာနာလျှာနာတို့လို မွေးမြူရေးတိရစ္ဆာန်တွေမှာ ရောဂါကူးစက်မှု အန္တရာယ်စိုးရိမ်တာကြောင့် အာရှ၊ အာဖရိကနဲ့ ဥရောပနိုင်ငံတွေက သိုး၊ ဆိတ်၊ ကြက်၊ ဘဲနဲ့ တခြားတိရစ္ဆာန်အသားတွေတင်သွင်းခွင့် တရုတ်နိုင်ငံက တားမြစ်လိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရောဂါကူးစက်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေ ထုတ်ပြန်ခဲ့ပြီးနောက် အသားစိမ်းနဲ့ ပြုပြင်ထားတဲ့အသားနှစ်မျိုးစလုံးကို တင်သွင်းခွင့်ကန့်သတ်လိုက်ကြောင်း တရုတ်အကောက်ခွန်ဌာနက ဇန်နဝါရီလ ၂၁ ရက်နေ့ကစ အမိန့်တွေကို ဆက်တိုက် ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာမှာ အသားတင်သွင်းမှုအများဆုံးဖြစ်တဲ့တရုတ်နိုင်ငံကကန့်သတ်ချက်ကြောင့် ဂါနာ၊ ဆိုမာလီယား၊ ကာတာ၊ ကွန်ဂို၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ အီဂျစ်၊ ဘူဂေးရီးယား၊ အရှေ့တိမောနဲ့ အီရီထရီးယားနိုင်ငံတွေ ထိခိုက်နေပါတယ်။ သိုးနဲ့ဆိတ် ကျောက်ရောဂါ ကူးစက်မှုအန္တရာယ်ကြောင့် ပါလက်စတိုင်း၊ ပါကစ္စတန်၊ အာဖဂနစ္စတန်၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက သိုး၊ ဆိတ်နဲ့ ဆက်စပ်ပစ္စည်းတင်သွင်းမှုတွေကိုလည်း တားမြစ်လိုက်တာပါ။ ခွာနာလျှာနာရောဂါကူးစက်မှုကြောင့် ခွာစုံဂဏန်းရှိတဲ့ တိရစ္ဆာန်အသားတွေနဲ့ ဆက်စပ်ပစ္စည်းတွေတင်သွင်းခွင့်လည်း တရုတ်နိုင်ငံက ကန့်သတ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG