သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်တုပ်ကွေးဖြစ်သူ ၂ ယောက်တိုး


ကြက်တွေကို ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးပေးနေတဲ့ တရုတ်ကျန်းမာရေးဝန်ထမ်းများ။ (ဧပြီလ ၃ ရက်၊ ၂၀၁၃)
ကြက်တွေကို ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးပေးနေတဲ့ တရုတ်ကျန်းမာရေးဝန်ထမ်းများ။ (ဧပြီလ ၃ ရက်၊ ၂၀၁၃)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်နေတဲ့သူ ၂ ယောက်ထပ်တိုးလာတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ အဲဒီမြို့အနီးနားက နန်ဂျင်းဒေသ အာဏာပိုင်တွေကလည်း လူ ၆ ယောက်သေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါပိုးသစ်ကို တိုက်ဖျက်ဖို့အတွက် ကြက်၊ ဘဲ ရောင်းတဲ့ဈေးတွေကို ပိတ်လိုက်ပြီးတော့ ကြက်ဘဲ အသားရောင်းချမှုတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။

H7N9 ဗိုင်းရပ်စ်ပိုးသစ်ကို အသက် ၆၆ နှစ် နဲ့ ၇၄ နှစ်အရွယ်ရှိတဲ့ အမျိုးသား လူနာ ၂ ဦးမှာ နောက်ဆုံး တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရှန်ဟိုင်းပြည်နယ်အစိုးရက စနေနေ့မှာ ပြောပါတယ်။ အဲဒီ လူနာ ၂ ယောက်မှာ ဒီရောဂါ လက္ခဏာတွေ ပြီးခဲ့တဲ့လက စတင်တွေ့ရှိလာခဲ့ရတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ ရက်အတွင်း အဆုတ်ရောင်ရောဂါကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း လူဦးရေထူထပ်တဲ့ ဒေသမှာ လူ ၁၈ ယောက် အခုအသစ်တွေ့ရှိတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နေတယ်လို့ တရုတ်နိုင်ငံက အတည်ပြုပါတယ်။ သေဆုံးသူ ၆ ယောက်စလုံးဟာ ရှန်ဟိုင်းမြို့နဲ့ အဲဒီအနီးနားက ဇီးဂျန်ပြည်နယ်က ဖြစ်ကြပါတယ်။

လူတွေဟာ ရောဂါပိုးရှိတဲ့ ကြက်ဘဲတွေကို တိုက်ရိုက်ထိတွေ့ ကိုင်တွယ်တာကနေ ရောဂါတွေ ကူးစက်တာဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူေတွေက ခန့်မှန်းနေကြပြီး၊ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တာမျိုး သက်သေအထောက်အထားတော့ မတွေ့ရဘူးလို့ ပြောပါတယ်။ အမေရိကန်နိုင်ငံက BioCryst ဇီဝနည်းပညာကုမ္ပဏီကထုတ်တဲ့ Peramivir လို့ခေါ်တဲ့ ရောဂါကာကွယ်ဆေးကို တရုတ်နိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်တယ်လို့ စနေနေ့က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG