သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်မှာ လူသေ


တရုတ်နိုင်ငံအရှေ့ပိုင်းခရိုင်တခုက အသက် ၇၃ နှစ်အရွယ် အဖွားအိုတဦး ငှက်တုပ်ကွေးရောနဲ့ ကွယ်လွန်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Jiangxi ပြည်နယ်က အဲဒီအဖွားအိုဟာ H10N8 အမျိုးအစား ရောဂါပိုးမွှားနဲ့ ထိတွေ့ပြီးတဲ့နောက် အသက်ရှုလမ်းကြောင်း အလုပ်မလုပ်တော့ဘဲ ဒီဇင်ဘာလ ၆ ရက်နေ့မှာ သေဆုံးသွားတာလို့ အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထား ပါတယ်။ ဒီသေဆုံးမှုဟာ သီးခြား ဖြစ်ပေါ်မှုဖြစ်ပြီး တခြား လူလူချင်း ကူးစက်နိုင်ချေ သိပ်မရှိလှဘူးလို့ တရုတ်အမျိုးသားရောဂါဌာနက ပြောပါတယ်။

အဲဒီအဖွားအိုဟာ မသေခင်မှာ ကြက်ငှက်အရှင်တွေရောင်းတဲ့ဈေးကို သွားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေထံမှာတော့ ရောဂါလက္ခဏာ တစုံတရာ မတွေ့ရဘူးလို့ ဆိုပါတယ်။

အဲဒီအဖွားအိုဟာ နမိုးနီးယား - အဆုပ်ရောင်ရောဂါ၊ သွေးပေါင်တက်တာနဲ့
နှလုံးရောဂါ စတဲ့ဝေဒနာတွေကို ခံစားနေရတဲ့အတွက် ကိုယ်ခံအားကျနေတာကြောင့် အခုလို ငှက်တုပ်ကွေးရောဂါ ကူးစက်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူကို ကူးစက်စေတဲ့ ငှက်တုပ်ကွေးရောဂါအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
XS
SM
MD
LG