သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေးကြောင့် သေဆုံးမှုရှိ


တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေးကြောင့် သေဆုံးမှုရှိ
တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေးကြောင့် သေဆုံးမှုရှိ

တရုတ်နိုင်ငံတောင်ပိုင်း ရှင်ဇန်းပြည်နယ်က မြို့တစ်မြို့မှာ H5N1 အမျိုးအစား ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ရှိနေတယ်လို့ စမ်းသပ်တွေ့ရှိထားတဲ့ အမျိုးသားတစ်ဦး ဒီကနေ့ သေဆုံးသွားခဲ့တယ်လို့ ဒီကနေ့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး ဆေးကုသခံခဲ့ရတဲ့ အသက် ၃၉ နှစ်အရွယ် ဘက်စ်ကားမောင်းသူ ချင်း အမည်ရှိတဲ့သူဟာ ဖျားနာလို့ ဆေးရုံရောက်လာတဲ့အခါမှာ သူ့မှာ ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ရတာလို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဒီလစောစောပိုင်း ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ရှိသူနှစ်ဦးကို အဲဒီမြို့မှာ တွေ့ရှိခဲ့ရပြီးတဲ့နောက် ဒီမြို့ရဲ့ တဘက်ကမ်းက ဟောင်ကောင်မှာ တရုတ်ပြည်ကြီးက တင်သွင်းလာတဲ့ သက်ရှိ မွေးမြူရေး တိရစ္ဆာန်တွေကို ပိတ်ပင်ခဲ့သလို သက်ရှိ ကြက်ကောင်ရေ ထောင်ပေါင်းများစွာကိုလည်း သုတ်သင်ခဲ့ပါတယ်။

XS
SM
MD
LG