သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကွန်မြူနစ် ခေါင်းဆောင်ဟောင်း ဇနီးကို လူသတ်မှုနဲ့ စွဲဆို


တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဘိုရှီလိုင် (Bo Xilai)
တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဘိုရှီလိုင် (Bo Xilai)
တရုတ်နိုင်ငံက သြဇာကြီးမားလှတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရို (Politburo) အဖွဲ့ဝင်ဟောင်းနဲ့ ချုံကင်း(Chongqing) ဒေသရဲ့ တရုတ်ကွန်မြူနစ်ပါ တီ ခေါင်းဆောင်ဟောင်းလည်း ဖြစ်တဲ့ ဘိုရှီလိုင် (Bo Xilai) ရဲ့ ဇနီး ဂူခိုင်းလိုင် (Gu Kailai) ကို တရုတ်တရားရုံးတစ်ရုံးမှာ လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပြီလို့ တရုတ်အစိုးရရဲ့ ရှင်ဟွာ (Xinhua) သတင်းဌာနက ကြေညာလိုက်ပါတယ်။

မစ္စဂူခိုင်းလိုင်နဲ့ သူတို့ရဲ့နေအိမ်က ဝန်ထမ်းတစ်ဦးဖြစ်သူ ဂျန်ရှောင်ဂျွန် (Zhang Xiaojun) တို့ကို ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို ချုံကင်းမြို့မှာ သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲဆိုလိုက်တာပါ။

ချုံကင်းမြို့မှာ စီးပွားရေး လုပ်ကိုင်နေတဲ့ ဗြိတိသျှလုပ်ငန်းရှင် နီးလ် ဟေးဝုဒ် (Neil Heywood) အသတ်ခံခဲ့ရတဲ့ ကိစ္စမှာ မသင်္ကာမှုနဲ့ မစ္စဂူခိုင်းလိုင်ကို အာဏာပိုင်တွေက လနဲ့ချီ စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာ (၁၅) ရက်နေ့က မစ္စတာဟေးဝုဒ်ရဲ့ အလောင်းကို ချုံကင်းမြို့က ဟော်တယ်တစ်ခုမှာ ရဲတွေက တွေ့ရှိခဲ့ရပါတယ်။

ဒီလူ သတ်မှုမှာ မစ္စဂူခိုင်းလိုင် ပါဝင်ပတ်သက်နေမှုကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါလစ်ဗျူရို အဖွဲ့ဝင်အဖြစ်ကကော ချုံကင်းဒေသရဲ့ တရုတ်ကွန်မြူနစ်ပါ တီ ခေါင်းဆောင်အဖြစ်ကပါ ဘိုရှီလိုင် နှုတ်ထွက်ခဲ့ပါတယ်။
XS
SM
MD
LG