သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် တောင်ပိုင်း နောက် ထပ် ဗုံးကွဲမှု ဖြစ်ပွား


တရုတ်နိုင်ငံတောင်ပိုင်း Guangxi ပြည်နယ်မှာ တနေ့တည်း ဗုံးဖောက်ခွဲမှု ဒါဇင်နဲ့ချီ ဖြစ်ပွားခဲ့။
တရုတ်နိုင်ငံတောင်ပိုင်း Guangxi ပြည်နယ်မှာ တနေ့တည်း ဗုံးဖောက်ခွဲမှု ဒါဇင်နဲ့ချီ ဖြစ်ပွားခဲ့။

တရုတ်နိုင်ငံတောင်ပိုင်း Guangxi ပြည်နယ်မှာ တနေ့တည်း ဗုံးဖောက်ခွဲမှု ဒါဇင်နဲ့ချီ ဖြစ်ပွား ခဲ့ပြီး တရက် အကြာ ဒီကနေ့မှာလည်း နောက်ထပ် ဖောက်ခွဲမှုတခု ထပ်ဖြစ်ခဲ့ပါတယ်။ မနေ့က နေရာ အတော်များများမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေ အတွင်းမှာ လူ ၇ ယောက်ထက် မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာတွေ ရခဲ့ကြတာပါ။

အခုနောက်ဆုံး ဖောက်ခွဲမှုကတော့ Liuzhou မြို့က Liucheng ရပ်ကွက်မှာရှိတဲ့ ၆ ထပ်တိုက် တခုမှာ ဖြစ်ပွားခဲ့တာဖြစ်တဲ့အကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းမှာ ဖော်ပြထားပါတယ်။ ဗုံးဖောက်ခွဲမှုနဲ့ သံသယရှိထားသူဟာ Wei မိသားစုက အသက် ၃၃ နှစ်အရွယ် အမျိုးသားတဦး ဖြစ်တယ်လို့ Liuzhou မြို့က အာဏာပိုင်တွေ ပြောဆိုတာကို ကိုးကားပြီး အစိုးရသတင်းစာက ဖော်ပြပါတယ်။

ဖောက်ခွဲသူဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချင်းများမှုတခုကနေ ဒါကို မကျေနပ်လို့ လက် တုံ့ပြန်တဲ့ အနေနဲ့ ဖောက်ခွဲခဲ့ပုံ ရတယ်လို့လည်း ဖော်ပြ ထားပါတယ်။ သံသယရှိသူကို ဖမ်းဆီး ထိန်းသိမ်းထား သလားဆိုတာတော့ သေချာ မသိရသလို၊ ဘာကြောင့် သူ ခုလို ဖောက်ခွဲခဲ့တာလဲ ဆိုတဲ့အပေါ်မှာလည်း အာဏာပိုင်တွေက အတည်ပြု မပြောသေးပါဘူး။

မနေ့က ပေါက်ကွဲမှုတွေဟာ ကုန်တိုက်၊ ကုန်စုံဆိုင်၊ အကျဉ်းထောင်၊ ရထားဘူတာရုံ၊ ဆေးရုံတရုံနဲ့ လေဟာပြင်ဈေးတခု အပါအဝင် နေရာပေါင်း ၁၃ နေရာမှာ ဖြစ်ခဲ့တာလို့ ဒေသခံ လူထုလုံခြုံရေးဌာနက အတည်ပြုပါတယ်။ ပါဆယ်ဗုံးတွေကြောင့် ဒီပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပုံရတယ်လို့ အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

လူမှုဆက်သွယ်ရေး အင်တာနက်စာမျက်နှာတွေမှာ တင်ထားတဲ့ ဓာတ်ပုံတွေမှာ အဆောက်အဦးတလုံး တစိတ်တပိုင်း ပြိုကျ ပျက်စီးနေပြီး လမ်းပေါ်မှာ ကားတွေ ဇောက်ထိုးမိုးမျှော်ဖြစ်နေတာတွေနဲ့ ဖောက်ခွဲခံရတဲ့ ဈေးဆိုင်တခုရဲ့ ကျန်တဲ့ မျက်နှာစာ ဖြစ်ပုံ ရတဲ့ပုံတွေကို တွေ့ရပါတယ်။

XS
SM
MD
LG