သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလိပ္ေရာဂါေၾကာင့္ ေသဆံုးမႈ ျဖစ္ခဲ့တဲ့ တ႐ုတ္ေက်းရြာေတြ အသြားအလာပိတ္


(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံေျမာက္ပိုင္း Inner Mongolia ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမွာ Bubonic plague လို႔ေခၚတဲ့ ခ်ဳိင္းနဲ႔ ေပါင္ၿခံ အက်ိတ္ေရာင္ ပလိပ္ေရာဂါနဲ႔ ေဒသခံတဦး ေသဆံုးခဲ့တဲ့ေနာက္မွာ တ႐ုတ္အစိုးရက အဲဒီေဒသအတြက္ ၂ ရက္ၾကာ အသြားအလာ ပိတ္ပင္လိုက္ပါတယ္။

Bayannaoer က်န္းမာေရးေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ရာစုႏွစ္နဲ႔ခ်ီ ၾကာျမင့္ေနၿပီျဖစ္တဲ့ ဒီေရာဂါဟာ ေဒသခံတဦးမွာ ျဖစ္ပြားတဲ့အတြက္ ကိုယ္တြင္းအဂၤါအစိတ္ပိုင္း အမ်ားအျပား ပ်က္စီးၿပီး ေသာၾကာေန႔က ေသဆံုးသြားတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါဟာ တ႐ုတ္ႏုိင္ငံေျမာက္ပိုင္း ေဒသမွာ ဒီလအတြင္း ဒုတိယေျမာက္ ဒီေရာဂါျဖစ္ပြားသူ ေတြ႔ခဲ့ရတာပါ။

ေသဆံုးသူေနထုိင္တဲ့ ေနရာအတြက္ အသြားအလာေတြ ပိတ္ထားၿပီး ကူးစက္ေရာဂါ ျပန္႔ပြားမႈဆိုင္ရာ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနၿပီလို႔လည္း ေၾကညာခဲ့တာပါ။

ပထမဆံုး ပိတ္ပင္မႈကေတာ့ သူနဲ႔ ကပ္လ်က္ၿမိဳ႕မွာ ဒီလိုေရာဂါနဲ႔ ေသဆံုးခဲ့တာကို ေတြ႔ရတဲ့ေနာက္ ၾကာသပေတးေန႔မွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ဒီပလိပ္ေရာဂါဟာ ကူးစက္မႈႏႈန္း ျမင့္မားၿပီး အသက္ပါ ေသဆံုးေလ့ရွိတယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔က ေျပာပါတယ္။

ဒီပလိပ္ေရာဂါဟာ အမ်ားအားျဖင့္ ႂကြက္ေတြကေနတဆင့္ ျပန္႔ပြားေလ့ရွိပါတယ္။ ဒီေရာဂါျဖစ္ပြါးတဲ့ ၿမိဳ႕ ၂ ၿမိဳ႕က အာဏာပုိင္ေတြကေတာ့ လူအခ်င္းခ်င္း ကူးစက္ႏိုင္တယ္လို႔ သတိေပးထားပါတယ္။

၂၀၁၉ တုန္းက ဒီေရာဂါျဖစ္ပြားသူ တ႐ုတ္ႏိုင္ငံမွာ ၅ ဦးရွိခဲ့ၿပီး တဦးေသဆံုးခဲ့တယ္လို႔ တ႐ုတ္အမ်ိဳးသား က်န္းမာေရးေကာ္မရွင္က ေျပာပါတယ္။ ကမာၻတလႊားမွာေတာ့ တႏွစ္ကို လူ ၁,၀၀၀ ကေန ၂,၀၀၀ ၾကား ျဖစ္ပြားတယ္လို႔ WHO က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပလိပ်ရောဂါကြောင့် သေဆုံးမှု ဖြစ်ခဲ့တဲ့ တရုတ်ကျေးရွာတွေ အသွားအလာပိတ်

တရုတ်နိုင်ငံမြောက်ပိုင်း Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ Bubonic plague လို့ခေါ်တဲ့ ချိုင်းနဲ့ ပေါင်ခြံ အကျိတ်ရောင် ပလိပ်ရောဂါနဲ့ ဒေသခံတဦး သေဆုံးခဲ့တဲ့နောက်မှာ တရုတ်အစိုးရက အဲဒီဒေသအတွက် ၂ ရက်ကြာ အသွားအလာ ပိတ်ပင်လိုက်ပါတယ်။

Bayannaoer ကျန်းမာရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရာစုနှစ်နဲ့ချီ ကြာမြင့်နေပြီဖြစ်တဲ့ ဒီရောဂါဟာ ဒေသခံတဦးမှာ ဖြစ်ပွားတဲ့အတွက် ကိုယ်တွင်းအင်္ဂါအစိတ်ပိုင်း အများအပြား ပျက်စီးပြီး သောကြာနေ့က သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ တရုတ်နိုင်ငံမြောက်ပိုင်း ဒေသမှာ ဒီလအတွင်း ဒုတိယမြောက် ဒီရောဂါဖြစ်ပွားသူ တွေ့ခဲ့ရတာပါ။

သေဆုံးသူနေထိုင်တဲ့ နေရာအတွက် အသွားအလာတွေ ပိတ်ထားပြီး ကူးစက်ရောဂါ ပြန့်ပွားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့လည်း ကြေညာခဲ့တာပါ။

ပထမဆုံး ပိတ်ပင်မှုကတော့ သူနဲ့ ကပ်လျက်မြို့မှာ ဒီလိုရောဂါနဲ့ သေဆုံးခဲ့တာကို တွေ့ရတဲ့နောက် ကြာသပတေးနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီပလိပ်ရောဂါဟာ ကူးစက်မှုနှုန်း မြင့်မားပြီး အသက်ပါ သေဆုံးလေ့ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဒီပလိပ်ရောဂါဟာ အများအားဖြင့် ကြွက်တွေကနေတဆင့် ပြန့်ပွားလေ့ရှိပါတယ်။ဒီရောဂါဖြစ်ပွါးတဲ့ မြို့ ၂ မြို့က အာဏာပိုင်တွေကတော့ လူအချင်းချင်း ကူးစက်နိုင်တယ်လို့ သတိပေးထားပါတယ်။

၂၀၁၉ တုန်းက ဒီရောဂါဖြစ်ပွားသူ တရုတ်နိုင်ငံမှာ ၅ ဦးရှိခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ ကမ္ဘာတလွှားမှာတော့ တနှစ်ကို လူ ၁,၀၀၀ ကနေ ၂,၀၀၀ ကြား ဖြစ်ပွားတယ်လို့ WHO က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG