သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံရောက် သမ္မတဦးသိန်းစိန် စီးပွားရေးနဲ့လုံခြုံရေး ဆွေးနွေး


သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရောက်ရှိလာစဉ်။ မေ ၂၆၊ ၂၀၁၁။
သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရောက်ရှိလာစဉ်။ မေ ၂၆၊ ၂၀၁၁။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်တာ တရုတ်ပြည် ခရီးစဉ်ကို စတင်ပါပြီ။ ဒီခရီးစဉ် အတွင်းမှာ သိမ်မွေ့နက်နဲတဲ့ ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာအစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အရာရှိတွေလည်း ဒီခရီးမှာ ပါလာကြတယ်လို့ တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao)၊ တရုတ်ဝန်ကြီးချုပ် ဝမ်ဂျားဘောင် (Wen Jiabao) တို့နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း ဆင်ဟွာက ဖော်ပြပါတယ်။

နှစ်ဘက်ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးကြမယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်းယု (Jiang Yu) က ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး လာလုပ်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မနှစ်က တရုတ်ရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ သန်း ၁၅,၀၀၀ ကျော်ပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုထဲမှာ မြန်မာနိုင်ငံကနေ တရုတ်ပြည် တောင်ပိုင်းကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူဖို့ ပိုက်လိုင်း ၂ လိုင်း ဖောက်လုပ်တဲ့ နေရာမှာ အသုံးပြုတာပါ။

လက်နက်ကိုင်အဖွဲ့တွေ ပြဿနာ မသေးတဲ့ ရှမ်းပြည်နယ်ကို ဒီပိုက်လိုင်းတွေ ဖြတ်သန်းတဲ့အခါ ပိုက်လိုင်းတွေအတွက် လုံခြုံရေး ဘယ်လိုရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်အရာရှိတွေက မြန်မာကိုယ်စားလှယ်တွေကို မေးခွန်းထုတ်ကြလိမ့်မယ်လို့ ယူဆရပါတယ်။

XS
SM
MD
LG