သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္တိုက္ဖ်က္ေရး ေရႊလီနဲ႔က်ယ္ေဂါင္က ျမန္မာေတြ ထြက္ေပးဖို႔ တ႐ုတ္ၫႊန္ၾကား


Chinese border police guards keep watch as migrant workers return from China at the Myanmar border gate in Muse in Shan state on May 12, 2020. - Hundreds of migrant workers, who had been trapped in China as a result of the COVID-19 novel coronavirus pande

ကိုဗစ္တိုက္ဖ်က္ေရး ေရႊလီနဲ႔က်ယ္ေဂါင္က ျမန္မာေတြ ထြက္ေပးဖို႔ တ႐ုတ္ၫႊန္ၾကား

{{Zawgyi/Unicode}}

တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္၊ ေ႐ႊလီနဲ႔ က်ယ္ေဂါင္မွာ ကိုဗစ္ေရာဂါကာကြယ္ေရးနဲ႔ ဖြံ႔ၿဖိဳးေရး အစီအစဥ္အျဖစ္ ပိုးသတ္ေဆးျဖန္းဖို႔ စီစဥ္ေနတာေၾကာင့္ ျမန္မာႏိုင္ငံသားေတြ ထြက္ခြာဖို႔ ယူနန္ႏိုင္ငံျခားေရး႐ုံးက အေၾကာင္းၾကားခဲ့ေၾကာင္း ကူမင္းၿမိဳ႕အေျခစိုက္ ျမန္မာေကာင္စစ္႐ုံးက ေသာၾကာေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။ ၀န္ထမ္းေတြကလဲြလို႔ တ႐ုတ္ႏိုင္ငံသားေတြပါ ထြက္ခြာဖို႔ ၫႊန္ၾကားထားတဲ့ အစီအစဥ္အရ ေ႐ႊလီ- က်ယ္ေဂါင္မွာရွိတဲ့ ျမန္မာႏိုင္ငံသား အလုပ္သမားေတြလည္း ထြက္ခြာၾကရမွာ ျဖစ္တယ္လို႔ ေဒသခံ ကုန္သည္ေတြနဲ႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ျမန္မာျပည္က ေပးပို႔ထားတဲ့ သတင္းေဆာင္းပါးကို ကိုခင္ေမာင္စိုးမင္းက ေျပာျပေပးမွာပါ။

ျမန္မာနဲ႔နယ္စပ္ တ႐ုတ္ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕ရဲ႕ အုပ္ခ်ဳပ္ေရးဧရိယာအတြင္းမွာ ပိုးသတ္တဲ့လုပ္ငန္းေတြကို ေနရာအႏွံ႔လုပ္သြားဖို႔ ရွိတဲ့အတြက္ အဲဒီမွာ ေနထိုင္ၾကတဲ့ တ႐ုတ္ႏိုင္ငံသားေတြေရာ၊ ႏိုင္ငံျခားသားေတြပါ ထြက္ခြာေပးရမယ္လို႔ ယူနန္ျပည္နယ္၊ ျပည္သူ႔အစိုးရ ႏိုင္ငံျခားေရး႐ုံးက ကူမင္းၿမိဳ႕က ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးကို အသိေပးလိုက္တာပါ။

ကူမင္းၿမိဳ႕က ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးက ယူနန္အစိုးရရဲ႕ သေဘာထားကို ဒီကေန႔ ေအာက္တိုဘာ ၂၉ ရက္မွာ တဆင့္ျပန္ၿပီး ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ ဒီေန႔ထုတ္ျပန္တဲ့စာအရဆိုရင္ ျမန္မာႏိုင္ငံသားအားလုံး ေနရပ္ျပန္ရဖို႔ ေသခ်ာၿပီျဖစ္ေၾကာင္း ေ႐ႊလီျမန္မာလူမႈကူညီေနေရးရဲ႕ ဥကၠ႒ မိုင္ေကာင္းဆိုင္က ေျပာပါတယ္။ တခ်ိဳ႕လည္း ဒီရက္ပိုင္းမွာ ျမန္မာႏိုင္ငံကို အၿပီးျပန္ဖို႔ ျပင္ဆင္ေနေၾကာင္းလည္း သူကေျပာပါတယ္။

“ က်ေနာ္တို႔ရဲ႕ ျမန္မာႏိုင္ငံသားက အေထာက္အထား ျပည့္ျပည့္စုံစုံပဲျဖစ္ျဖစ္ ဒီတ႐ုတ္ႏွစ္သစ္ကူး မတိုင္ခင္ေတာ့ ျမန္မာျပည္ကို ျပန္ပို႔မယ္လို႔ သတင္းၾကားပါတယ္။ အဲဒါေသခ်ာပါတယ္ ျမန္မာျပည္ ျပန္ရမယ့္သူေတြအတြက္၊ က်ေနာ္ကအစေပါ့ဗ်ာ။ ေပၿပီးေနတဲ့သူလည္း ရွိပါတယ္၊ တကယ္လို႔မ်ား ရဲေတြကလာၿပီးေတာ့ ေခၚၿပီးမွ ျပန္ရမယ္ဆိုရင္လည္း ဘာတတ္ႏိုင္မွာလဲ အဲဒါမ်ိဳးလည္း ျပန္ရမွာပဲေလ။”

ထုတ္ျပန္ခ်က္စာမွာ မပါေပမဲ့လည္း တ႐ုတ္လုပ္ငန္းရွင္ေတြၾကားမွာ ေျပာေနတဲ့ ေကာလာဟလ သတင္းတခုအရ တ႐ုတ္ႏိုင္ငံသားနဲ႔ အိမ္ေထာင္က်ၿပီးတဲ့ ျမန္မာအမ်ိဳးသမီးေတြကိုလည္း ေနရပ္ျပန္ရမယ့္ စာရင္းထဲမွာထည့္ထားေၾကာင္း ေ႐ႊလီၿမိဳ႕က တျခားလူမႈကူညီေရးအဖြဲ႕တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ေဆးျဖန္းတယ္ဆိုတာက တ႐ုတ္အစိုးရဘက္က အေၾကာင္းျပခ်က္တခုသာ ျဖစ္တယ္လို႔ သူတို႔က ေျပာတာပါ။

“ ေဆးျဖန္းမယ္ ဆိုတာကေတာ့ ဒါက သူတို႔ဟန္ျပ ျပရင္ျပမယ္ သို႔မဟုတ္ သူတို႔လက္ေတြ႕လုပ္ရင္ လုပ္လိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေဆးျဖန္းတာတို႔က နမူနာပဲ ျပေပး႐ုံပဲ က်ေနာ္တို႔ျမင္တာေလ၊ ျမန္မာႏိုင္ငံသားက လုံးဝ ေနထိုင္ခြင့္မရွိေတာ့ဘူးလို႔ က်ေနာ္တို႔ ျမန္မာျပည္သား တိုင္းရင္းသားကေတာ့ ေလာေလာဆယ္ အရင္ျပန္ရမယ္လို႔ေတာ့ က်ေနာ္တို႔ သတင္းၾကားထားပါတယ္။”

ဒီလိုျမန္မာျပည္ကို ျပန္လာတဲ့အခါမွာ ပိုင္ဆိုင္မႈပစၥည္းေတြကို ယူေဆာင္ခြင့္မရွိဘဲ ေရာဂါထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနအေပၚမူတည္ၿပီးမွသာ ျပန္လည္ယူေဆာင္ခြင့္ေပးမယ္လို႔ ကူမင္းၿမိဳ႕ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံး တဆင့္ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ အေရးတႀကီး ယူသြားခ်င္တဲ့ပစၥည္း ရွိတယ္ဆိုရင္ ေဒသခံဝန္ထမ္းေတြရဲ႕ ဦးေဆာင္မႈနဲ႔ ယူခြင့္ေပးမွာျဖစ္ၿပီး တ႐ုတ္ျပည္ထဲကေန ေန႔ခ်င္းျပန္ထြက္ ေပးရမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ယူနန္ျပည္နယ္ ႏိုင္ငံျခားေရးဌာနက ကူမင္းၿမိဳ႕ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးကို အသိေပးပန္ၾကားခ်က္ဟာ ရွင္းလင္းမႈမရွိဘူးလို႔ ျမန္မာကုန္သည္ေတြက ျမင္ပါတယ္။ ဘယ္ေန႔အၿပီးထြက္ခြာေပးရမယ္ဆိုတာလည္း ေရးမထားသလို ဒီအသိေပးခ်က္ဟာ တ႐ုတ္ျပည္ထဲမွာရွိတဲ့ ျမန္မာကုန္သည္ လုပ္ငန္းရွင္ေတြ၊ အလုပ္႐ုံဂိုေထာင္ေတြပါ အႀကဳံးဝင္သလားဆိုတာကိုေတာ့ မေရးထားပါဘူး။ ျမန္မာကုန္သည္တဦးက အခုလိုေျပာပါတယ္။

“ ရွင္းရွင္းလင္းလင္းမရွိဘူး သူ႔ဘက္တ႐ုတ္ဘက္ ထုတ္ျပန္တဲ့ဟာက။ ေဆးျဖန္းတယ္ဆိုတာက က်ယ္ေဂါင္တၿမိဳ႕လုံးကို ျဖန္းမွာ၊ က်ယ္ေဂါင္က ၂.၃ ကီလိုပဲရွိတယ္၊ ဘာမွမဟုတ္ဘူး ၾကားေကာင္း႐ုံဆိုၿပီးေတာ့သာ ေဆးျဖန္းရမွာဆိုၿပီးေတာ့ ေျပာလိုက္တာ။ က်ယ္ေဂါင္ၿမိဳ႕က ထြက္ေပးရမယ္။ ၿပီးရင္ တ႐ုတ္ႏိုင္ငံကေန ထြက္ခြာေပးရမယ္တဲ့ အဲလိုပါလာတာပဲ။”

ကိုဗစ္ကပ္ေရာဂါ အေၾကာင္းျပၿပီး ျမန္မာနဲ႔ ကုန္သြယ္ေနတဲ့ နယ္စပ္ဂိတ္ေတြအားလုံးကို တ႐ုတ္ဘက္က ပိတ္ထားပါတယ္။ ျမန္မာျပည္တြင္းမွာ ျဖစ္ေနတဲ့ ႏိုင္ငံေရးေၾကာင့္ နယ္စပ္ေဒသ မတည္ၿငိမ္မွာကိုလည္း တ႐ုတ္က စိုးရိမ္ေနပုံရေၾကာင္း ကုန္သည္ေတြက ျမင္ပါတယ္။ ဒီရက္ပိုင္းထဲမွာလည္း မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္တေလွ်ာက္မွာ နယ္စပ္ၿခံစည္း႐ိုးကာရံတာကို တ႐ုတ္ဘက္က ဆက္တိုက္လုပ္ေနတာပါ။

တ႐ုတ္ဘက္မွာ ကပ္ေရာဂါအေၾကာင္းျပၿပီး ျမန္မာႏိုင္ငံသားေတြကို အစစ္အေဆးမ်ားေနသလို လုပ္ငန္းေတြလည္း အရင္ကေလာက္ မလည္ပတ္ေတာ့လို႔ ျပည္တြင္းျပန္လာသူက တျဖည္းျဖည္းမ်ားလာပါတယ္။

မူဆယ္အေျခစိုက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးကြန္ရက္က စာရင္းျပဳစုထားတဲ့ အေရအတြက္အရဆိုရင္ ဇူလိုင္လ ၂၆ ရက္ေနာက္ပိုင္းကစလို႔ တ႐ုတ္ျပည္ထဲက ျပန္လာတဲ့ ျမန္မာႏိုင္ငံသားဟာ သုံးလအတြင္းမွာ အေယာက္ ၁၄,၃၃၂ ရွိသြားၿပီျဖစ္ပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

ကိုဗစ်တိုက်ဖျက်ရေး ရွှေလီနဲ့ကျယ်ဂေါင်က မြန်မာတွေ ထွက်ပေးဖို့ တရုတ်ညွှန်ကြား

{{Unicode}}

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကျယ်ဂေါင်မှာ ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် ပိုးသတ်ဆေးဖြန်းဖို့ စီစဉ်နေတာကြောင့် မြန်မာနိုင်ငံသားတွေ ထွက်ခွာဖို့ ယူနန်နိုင်ငံခြားရေးရုံးက အကြောင်းကြားခဲ့ကြောင်း ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ရုံးက သောကြာနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဝန်ထမ်းတွေကလွဲလို့ တရုတ်နိုင်ငံသားတွေပါ ထွက်ခွာဖို့ ညွှန်ကြားထားတဲ့ အစီအစဉ်အရ ရွှေလီ- ကျယ်ဂေါင်မှာရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေလည်း ထွက်ခွာကြရမှာ ဖြစ်တယ်လို့ ဒေသခံ ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီအကြောင်း မြန်မာပြည်က ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာပါ။

မြန်မာနဲ့နယ်စပ် တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်မြို့ရဲ့ အုပ်ချုပ်ရေးဧရိယာအတွင်းမှာ ပိုးသတ်တဲ့လုပ်ငန်းတွေကို နေရာအနှံ့လုပ်သွားဖို့ ရှိတဲ့အတွက် အဲဒီမှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေပါ ထွက်ခွာပေးရမယ်လို့ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးက ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို အသိပေးလိုက်တာပါ။

ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယူနန်အစိုးရရဲ့ သဘောထားကို ဒီကနေ့ အောက်တိုဘာ ၂၉ ရက်မှာ တဆင့်ပြန်ပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့စာအရဆိုရင် မြန်မာနိုင်ငံသားအားလုံး နေရပ်ပြန်ရဖို့ သေချာပြီဖြစ်ကြောင်း ရွှေလီမြန်မာလူမှုကူညီနေရေးရဲ့ ဥက္ကဋ္ဌ မိုင်ကောင်းဆိုင်က ပြောပါတယ်။ တချို့လည်း ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံကို အပြီးပြန်ဖို့ ပြင်ဆင်နေကြောင်းလည်း သူကပြောပါတယ်။

“ ကျနော်တို့ရဲ့ မြန်မာနိုင်ငံသားက အထောက်အထား ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ် ဒီတရုတ်နှစ်သစ်ကူး မတိုင်ခင်တော့ မြန်မာပြည်ကို ပြန်ပို့မယ်လို့ သတင်းကြားပါတယ်။ အဲဒါသေချာပါတယ် မြန်မာပြည် ပြန်ရမယ့်သူတွေအတွက်၊ ကျနော်ကအစပေါ့ဗျာ။ ပေပြီးနေတဲ့သူလည်း ရှိပါတယ်၊ တကယ်လို့များ ရဲတွေကလာပြီးတော့ ခေါ်ပြီးမှ ပြန်ရမယ်ဆိုရင်လည်း ဘာတတ်နိုင်မှာလဲ အဲဒါမျိုးလည်း ပြန်ရမှာပဲလေ။”

ထုတ်ပြန်ချက်စာမှာ မပါပေမဲ့လည်း တရုတ်လုပ်ငန်းရှင်တွေကြားမှာ ပြောနေတဲ့ ကောလာဟလ သတင်းတခုအရ တရုတ်နိုင်ငံသားနဲ့ အိမ်ထောင်ကျပြီးတဲ့ မြန်မာအမျိုးသမီးတွေကိုလည်း နေရပ်ပြန်ရမယ့် စာရင်းထဲမှာထည့်ထားကြောင်း ရွှေလီမြို့က တခြားလူမှုကူညီရေးအဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ဆေးဖြန်းတယ်ဆိုတာက တရုတ်အစိုးရဘက်က အကြောင်းပြချက်တခုသာ ဖြစ်တယ်လို့ သူတို့က ပြောတာပါ။

“ ဆေးဖြန်းမယ် ဆိုတာကတော့ ဒါက သူတို့ဟန်ပြ ပြရင်ပြမယ် သို့မဟုတ် သူတို့လက်တွေ့လုပ်ရင် လုပ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆေးဖြန်းတာတို့က နမူနာပဲ ပြပေးရုံပဲ ကျနော်တို့မြင်တာလေ၊ မြန်မာနိုင်ငံသားက လုံးဝ နေထိုင်ခွင့်မရှိတော့ဘူးလို့ ကျနော်တို့ မြန်မာပြည်သား တိုင်းရင်းသားကတော့ လောလောဆယ် အရင်ပြန်ရမယ်လို့တော့ ကျနော်တို့ သတင်းကြားထားပါတယ်။”

ဒီလိုမြန်မာပြည်ကို ပြန်လာတဲ့အခါမှာ ပိုင်ဆိုင်မှုပစ္စည်းတွေကို ယူဆောင်ခွင့်မရှိဘဲ ရောဂါထိန်းချုပ်နိုင်တဲ့ အခြေအနေအပေါ်မူတည်ပြီးမှသာ ပြန်လည်ယူဆောင်ခွင့်ပေးမယ်လို့ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တဆင့်ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အရေးတကြီး ယူသွားချင်တဲ့ပစ္စည်း ရှိတယ်ဆိုရင် ဒေသခံဝန်ထမ်းတွေရဲ့ ဦးဆောင်မှုနဲ့ ယူခွင့်ပေးမှာဖြစ်ပြီး တရုတ်ပြည်ထဲကနေ နေ့ချင်းပြန်ထွက် ပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။

ယူနန်ပြည်နယ် နိုင်ငံခြားရေးဌာနက ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို အသိပေးပန်ကြားချက်ဟာ ရှင်းလင်းမှုမရှိဘူးလို့ မြန်မာကုန်သည်တွေက မြင်ပါတယ်။ ဘယ်နေ့အပြီးထွက်ခွာပေးရမယ်ဆိုတာလည်း ရေးမထားသလို ဒီအသိပေးချက်ဟာ တရုတ်ပြည်ထဲမှာရှိတဲ့ မြန်မာကုန်သည် လုပ်ငန်းရှင်တွေ၊ အလုပ်ရုံဂိုထောင်တွေပါ အကြုံးဝင်သလားဆိုတာကိုတော့ မရေးထားပါဘူး။ မြန်မာကုန်သည်တဦးက အခုလိုပြောပါတယ်။

“ ရှင်းရှင်းလင်းလင်းမရှိဘူး သူ့ဘက်တရုတ်ဘက် ထုတ်ပြန်တဲ့ဟာက။ ဆေးဖြန်းတယ်ဆိုတာက ကျယ်ဂေါင်တမြို့လုံးကို ဖြန်းမှာ၊ ကျယ်ဂေါင်က ၂.၃ ကီလိုပဲရှိတယ်၊ ဘာမှမဟုတ်ဘူး ကြားကောင်းရုံဆိုပြီးတော့သာ ဆေးဖြန်းရမှာဆိုပြီးတော့ ပြောလိုက်တာ။ ကျယ်ဂေါင်မြို့က ထွက်ပေးရမယ်။ ပြီးရင် တရုတ်နိုင်ငံကနေ ထွက်ခွာပေးရမယ်တဲ့ အဲလိုပါလာတာပဲ။”

ကိုဗစ်ကပ်ရောဂါ အကြောင်းပြပြီး မြန်မာနဲ့ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်တွေအားလုံးကို တရုတ်ဘက်က ပိတ်ထားပါတယ်။ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးကြောင့် နယ်စပ်ဒေသ မတည်ငြိမ်မှာကိုလည်း တရုတ်က စိုးရိမ်နေပုံရကြောင်း ကုန်သည်တွေက မြင်ပါတယ်။ ဒီရက်ပိုင်းထဲမှာလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တလျှောက်မှာ နယ်စပ်ခြံစည်းရိုးကာရံတာကို တရုတ်ဘက်က ဆက်တိုက်လုပ်နေတာပါ။

တရုတ်ဘက်မှာ ကပ်ရောဂါအကြောင်းပြပြီး မြန်မာနိုင်ငံသားတွေကို အစစ်အဆေးများနေသလို လုပ်ငန်းတွေလည်း အရင်ကလောက် မလည်ပတ်တော့လို့ ပြည်တွင်းပြန်လာသူက တဖြည်းဖြည်းများလာပါတယ်။

မူဆယ်အခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကွန်ရက်က စာရင်းပြုစုထားတဲ့ အရေအတွက်အရဆိုရင် ဇူလိုင်လ ၂၆ ရက်နောက်ပိုင်းကစလို့ တရုတ်ပြည်ထဲက ပြန်လာတဲ့ မြန်မာနိုင်ငံသားဟာ သုံးလအတွင်းမှာ အယောက် ၁၄,၃၃၂ ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG