သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမြောက်ပိုင်း အပစ်ရပ်ဖို့ တရုတ်တောင်းဆို


ကချင်လွတ်လပ်ရေးတပ်မှ မြန်မာစစ်တပ်ရှိရာသို့ ကင်းစောင့်ချထားသည့်နေရာ။
ကချင်လွတ်လပ်ရေးတပ်မှ မြန်မာစစ်တပ်ရှိရာသို့ ကင်းစောင့်ချထားသည့်နေရာ။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ခိုက်နေကြတဲ့အဖွဲ့တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ အပစ်အခတ်ရပ်စဲရေး ချက်ခြင်းကြေညာဖို့ တရုတ်ကာကွယ်ရေးဌာနက တောင်းဆိုလိုက်ပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာဖြစ်တဲ့ တိုက်ပွဲတွေကနေ တရုတ်နိုင်ငံဘက်ကို ဒုံးကျည်တွေနဲ့ ကျည်ဆံတချို့ ကျော်ပြီးရောက်လာတယ် လို့ တရုတ်နိုင်ငံတွင်းသုံး Weibo လူမှုဆက်သွယ်ရေးမီဒီယာထဲက တရုတ်ကာကွယ်ရေးဌာနရဲ့ တရားဝင် စာမျက်နှာမှာ သောကြာနေ့နှောင်းပိုင်းတင်ထားတဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ အဲဒီဖြစ်ရပ်တွေအတွင်း တရုတ်နိုင်ငံသားသုံးဦး သေဆုံးသွားတဲ့ သတင်းတွေလည်း ထွက်ထားတာပါ။

အခြေအနေကို တရုတ်ကာကွယ်ရေးဌာနက အနီးကပ်စောင့်ကြည့်နေပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် ကင်းလှည့်တာနဲ့ လုံခြုံရေးအစီအမံတွေကို တိုးမြှင့် လုပ်ဆောင်ထားတယ်လို့လည်း ပြောပါတယ်။

“နယ်စပ်ထိန်းချုပ်ရေး ခိုင်မာအောင် တရုတ်စစ်ဘက်က ဆက်လုပ်သွားမှာဖြစ်ပြီး နိုင်ငံသားတွေနဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို အခို်င်အမာ ကာကွယ်ဖို့အတွက် လိုအပ်သလို ချမှတ် လုပ်ဆောင်သွားမယ်” လို့လည်း ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်နဲ့ကပ်လျက် မြန်မာနိုင်ငံမြောက် ဘက်ခြမ်းမှာ မကြာသေးခင်ကာလတွေအတွင်း အပြန်အလှန် တိုက်ခိုက်တာတွေ ပိုများလာနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် စနေနေ့က မူဆယ်မြို့ကို တအာင်း-ပလောင်တပ် တွေ ဝင်တိုက်ပြီး တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာကြောင့် လူ ၂၄ ယောက် ထက်မနည်း သေဆုံးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG