တောင်တရုတ်ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွါးနေတဲ့ဒေသမှာ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ဝေဖန်မှုတွေဟာ ရန်စတဲ့လုပ်ရပ်လို့ တရုတ်စစ်ဘက် ထိပ်တန်းအရာရှိကြီးတဦးက ပြောကြားလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့ရဲ့ ပြောကြားမှုတွေကြောင့် ဒေါသထွက်ရကြောင်း တနင်္ဂနွေနေ့က တရုတ် လက်ထောက်စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Wang Guanzhong ကပြောကြားခဲ့တာပါ။
ဒု ဗိုလ်ချုပ်ကြီး Wang Guanzhong က - မစ္စတာအာဘေးရဲ့ မိန့်ခွန်းအပြီးမှာ ဒေါသမထွက်ဖို့ မိတ်ဆွေတယောက်က ကျနော့်ကို ပြောပါတယ်။ မစ္စတာ Hagel ပြောပြီးတော့လည်း သူကပဲ ဆက်ပြီး စိတ်ထိန်းထားဖို့ ကျနော့်ကို ပြောပါတယ်။ ဒါ့အပြင် သူက နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ဟာ စကားလုံးတွေထက် လုပ်ရပ်ပေါ်မှာပဲ မူတည်တာပါလို့ ကျနော့်မိတ်ဆွေက ပြောခဲ့ကြောင်း တရုတ်ဘာသာနဲ့ ပြောသွားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်က အခြေအနေ မတည်ငြိမ်အောင်လုပ်နေတယ်လို့ စင်္ကာပူမှာကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Hagel က စနေနေ့မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာရင် အမေရိကန်အနေနဲ့ တခြားနည်းလမ်းကို ရှာမှာ မဟုတ်ဘူူးလို့လည်း ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း အရှေ့ တောင်အာရှ နိုင်ငံတွေရဲ့ ရေပြင်နဲ့ဝေဟင် ပိုင်နက်လုံခြုံစေဖို့ ဂျပန်နိုင်ငံက အတတ်နိုင်ဆုံး အကာကွယ်ပေးသွားမယ်လို့ သောကြာနေ့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
အခုလိုပြောဆိုချက်တွေဟာ တရုတ်နိုင်ငံအပေါ် လှုံ့ဆော်ရန်စတဲ့ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်တွေ ဖြစ်နေပြီး တရုတ်နိုင်ငံဘက်ကတော့ ပြဿနာဖြစ်အောင် စပြီး လှုံ့ဆော်ရန်စတဲ့ ခြေလှမ်းကို လှမ်းမှာ မဟုတ်ဘူးလို့ တရုတ် ဒုဗိုလ်ချုပ်ကြီးက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။