သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှောင်ခိုရာဇာတဦး ကနေဒါက ဖမ်းဆီးလွှဲအပ်

Retiriing David Beckham of England scores from a free kick to equalise against Greece in their World Cup Group Nine qualifying match, October 6, 2001.
Retiriing David Beckham of England scores from a free kick to equalise against Greece in their World Cup Group Nine qualifying match, October 6, 2001.

ဒေါ်လာသန်း ထောင်ပေါင်းများစွာ တန်ဘိုးရှိတဲ့ မှောင်ခိုလုပ်ငန်းကို စီမံခန့်ခွဲတဲ့ကြိုးကိုင်သူလို့ စွပ်စွဲထားပြီး တရုတ်အစိုးရက အလိုချင်ဆုံးဖြစ်နေတဲ့ ဝရမ်းပြေးတဦးကို ကနေဒါနိုင်ငံက လွှဲပြောင်းပေးလိုက်ပါတယ်။ သူဟာ တရုတ်နိုင်ငံကို စနေနေ့မှာ ရောက်ရှိသွားတယ်လို့ သိရပါတယ်။ လိုင်ချန်ရှင်း (Lai Changxing) ဟာ သူ့ကို အခုလို လွှဲပြောင်းမပေးအောင် ၁၀ နှစ်ကျော် ကြိုးပမ်းခဲ့ပါတယ်။ အခုတော့ ကနေဒါအစိုးရက သူ့ကို သောကြာနေ့မှာ လေယာဉ်ပေါ် ပြန်တင်ပေးလိုက်တာ ဖြစ်ပါတယ်။

ကနေဒါ တရားရုံးက အခုလို ပြန်လည်လွှဲအပ်ဖို့ကို ကြာသပတေးနေ့မှာ စီရင်ချက် ချခဲ့တာပါ။ လိုင် ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ကနေဒါနိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဘိုင့်ရ်ဒ် (John Baird) က တရုတ်နိုင်ငံမှာ သတင်းထောက်တွေကို တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

လိုင် ဟာ မိသားစုနဲ့အတူ ကနေဒါနိုင်ငံကို ၁၉၉၉ ခုနှစ်မှာ ထွက်ပြေး ရောက်ရှိလာခဲ့တာပါ။ သူ့ကို နိုင်ငံရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက စွပ်စွဲထားတဲ့အကြောင်း နဲ့ သေဒဏ်အထိ အပြစ်ပေးနိုင်တယ်လို့လည်း ပြောထားခဲ့ပါတယ်။ သူ့ရဲ့အမှုဟာ သေဒဏ်အပြစ်ပေးလောက်တဲ့အမှု မဟုတ်ပါဘူးလို့ တရုတ်က အာမခံတဲ့အကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကနေဒါနိုင်ငံမှာ သေဒဏ်အပြစ် စီရင်ခြင်းမရှိသလို သေဒဏ်အပြစ်ပေးခံရတဲ့ မည်သူတဦးတယောက်ကိုမှ လွှဲပြောင်းပေးခြင်းမပြုဘူးလို့ သိရပါတယ်။

This item is part of
XS
SM
MD
LG