သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ တရုတ်ဖျက်


china usa trade

တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်နိုင်ငံဘက်က အခွန်စည်းကြပ်မှုအသစ်တွေ ချမှတ်လိုက် တာကြောင့် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေကို တရုတ်ဘက်က ဖျက်သိမ်း လိုက်ပါတယ်။

ကုန်သွယ်ရေးဆွေးနွေးပွဲအတွက် လာမယ့်သီတင်းပတ်အတွင်း ၀ါရှင်တန်ကို တရုတ်ဒုဝန်ကြီးချုပ် Liu He လာ ရောက်မယ့်အစီအစဉ် ပျက်ပြယ်သွားပြီလို့ The Wall Street Journal ကဆိုပါတယ်။ ဒုဝန်ကြီးချုပ်ရဲ့ ခရီးစဉ် မတိုင်ခင် လာရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်တာပါ။

အိမ်ဖြူတော် အဆင့်မြင့်အရာရှိတယောက်ကတော့ တရုတ်နဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲ ရှေ့ဆက်ကျင်းပနိုင်မယ့် နည်းလမ်းတွေရှိမယ်ဆိုတာ ယုံကြည်ပါတယ်လို့ သောကြာနေ့အစောပိုင်းမှာ ပြောပါတယ်။ အငြင်းပွါးနေတဲ့ ကုန်သွယ်ရေးကိစ္စကို ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ တရုတ်တို့ဘက်က အဓိပါယ်ရှိတဲ့ နည်းလမ်းတွေနဲ့ ဆွေးနွေး ရေးစကားဝိုင်းကို လာမှရမယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောဆိုခဲ့တာပါ။

သမ္မတ Donald Trump ဘက် အဲဒီသဘောထားအတိုင်းရှိပါတယ်လို့လည်း အဲဒီအရာရှိကပြောပါတယ်။ တရုတ် ကုန်ပစ္စည်းတွေကို အခွန်စည်းကြပ်မှုအသစ်တွေချမှတ်လိုက်ခြင်းအားဖြင့် အမေရိကန်အတွက် အကျိုးရှိ တဲ့ ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်တွေဖြစ်လာဖို့ တရုတ်ကိုတွန်းအားပေးရာရောက်စေမယ်လို့ သမ္မတ Trump အစိုးရအဘက်က ပြောဆိုထားတာပါ။ အမေရိကန်ရဲ့ ဥာဏပစ္စည်းမူပိုင်ခွင့်တွေကို ဒီထက်ကောင်းတဲ့ နည်းနဲ့ ကာကွယ်ပေးဖို့အပြင် အွန်လိုင်းကနေ ဖောက်ထွင်းခိုးယူတဲ့ကိစ္စကိုလည်း အဆုံးသတ်ဖို့ တရုတ်နိုင်ငံကို အမေရိကန်ဘက်က တောင်းဆိုထားတာပါ။

ကန်တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲ တရုတ်ဖျက်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG