သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ဆာကု ဗိုင်းရပ်စ် တရုတ်စမ်းသပ်


တရုတ်နိုင်ငံတွင်းက ကင်ဆာရောဂါကု ဌာနတစ်ခု။
တရုတ်နိုင်ငံတွင်းက ကင်ဆာရောဂါကု ဌာနတစ်ခု။

လူ့ခန္ဓာကိုယ်ထဲက တခြားကလာပ်စည်းတွေကို မထိခိုက်စေဘဲ ကင်ဆာ ကလာပ်စည်းတွေကို သတ်ပစ်ဖို့ အသုံးပြုနိုင်တဲ့ ဗိုင်းရပ်စ် တမျိုးကို ရှာဖွေတွေ့ရှိပြီး စမ်းသပ်နေတယ်လို့ တရုတ် သိပ္ပံပညာရှင် အဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။

M1 လို့ နာမည်ပေးထားတဲ့ ဗိုင်းရပ်စ်ကို တရုတ်တောင်ပိုင်း ဟိုင်နန်းပြည်နယ် မှာတွေ့ရတဲ့ ခြင်တမျိုးဆီကနေ ထုတ်ယူတာလို့ နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ အသည်း၊ ဆီးအိမ်၊ အူမနဲ့ စအိုလမ်းကြောင်းတွေမှာ ကင်ဆာကလပ်စည်းတွေ ဖြစ်မလာအောင် တားဆီးဖို့ ဗိုင်းရပ်စ်ကို အသုံးပြု ကြည့်ပြီးပါပြီ။ အခုချိန်ထိကတော့ ကြွက်မှာပဲ စမ်းသပ်ရပါသေးတယ်။

နောက်သီတင်းပတ်ကစပြီး ဗိုင်းရပ်စ်ကို မျောက်တွေမှာ စမ်းသပ်ဖို့ သိပ္ပံပညာရှင်တွေက စီစဉ်ထားတယ်လို့ နိုင်ငံပိုင် တရုတ် နိုင်ငံတကာရေဒီယိုက ဒီကနေ့ပြောပါတယ်။

တရုတ်နိုင်ငံမှာ နှစ်စဉ် လူပေါင်း နှစ်သန်းခွဲလောက်ဟာ ကင်ဆာရောဂါ နဲ့ သေဆုံးကြရပါတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးမှုနှုန်း အများဆုံးနိုင်ငံတခုဖြစ်ပါတယ်။

XS
SM
MD
LG